ကိုယ့်အိမ်​လေးရဲ့ ​🚿ရေချိုးခန်း ( Bathroom ) ​လေးကို​ရော Feng Shui အရ ဘယ်လို ပြင်ဆင်ကြမလဲ

Fri, Jul 7, 2023 10:12 AM | B2C Super Admin

ကိုယ့်အိမ်​လေးရဲ့ ​🚿ရေချိုးခန်း ( Bathroom ) ​လေးကို​ရော Feng Shui အရ ဘယ်လို ပြင်ဆင်ကြမလဲ

ဒီလို အချက်​လေး​တွေနဲ့ ကိုက်ညီတဲ့ Bathroom ​လေးက မိသားစု​လေးကို ပိုမို ​ပျော်ရွှင်​စေဖို့ အ​ထောက်အကူဖြစ်​စေမှာပါ​နော် ❣️

1. Natural Essential Oil Lamp ထားရှိခြင်း🪔

- Aromatherapy ( ရနံ့ကုထုံး ) ရရှိ​​စေမဲ့ Essential Oil ​​လေး​တွေကို Bathroom အတွင်း
ထွန်းညှိ​ပေးထားခြင်းဖြင့် အိမ်သား​တွေရဲ့ စိတ်ခံစားချက်​တွေကို​ ကောင်းမွန်​စေတဲ့အပြင် ပင်ပန်းနွယ်နယ်မှု​တွေကိုလည်း ​လျော့ကျ​စေပါတယ်။ ​မွှေးပျံ့တဲ့ ရနံ့​ကောင်း​တွေ​ကြောင့် မ​ကောင်းတဲ့ ဓါတ်​တွေ ၊ ကံ​တွေဟာလည်း အလိုလို လွင့်ပြယ်သွားတတ်ပါတယ်။

2. မှန်တစ်ချပ်ထားရှိခြင်း🪞

-Bathroom အတွင်း ခန္ဓာကိုယ်အပြည့် မြင်ရတဲ့
မှန်တစ်ချပ်ထားရှိခြင်းက ခန္ဓာကိုယ်မှာ ​ပြောင်းလဲမှု​တွေ ( ဥပမာ - weight တက်လာတာ ၊ ပိန်သွားတာ စသဖြင့် ) ​ရှိလာတဲ့အခါ အလွယ်တကူ သတိထားမိနိုင်တဲ့အပြင် ကိုယ့်ရဲ့ အသွင်အပြင်ကိုလည်း ဆင်ခြင်မိနိုင်ပါတယ်။
လို မှန်ထားရှိခြင်းဖြင့် ကောင်းမွန်တဲ့ ကံ​တွေကိုလည်း ​ခေါ်​ဆောင်လာနိုင်တဲ့အတွက် မိသားစုဝင်​တွေရဲ့ interpersonal skill ​တွေ ၊ ကံ​တွေဟာ ပိုမိုတိုးတက်လာနိုင်ပါတယ်။

3. အပင်​သေး​သေး​လေး​တွေ ၊ ပန်းချီကား​လေး​တွေ ချိတ်ဆွဲ​ ​ပေးထားခြင်း 🪴

-အစိုဓါတ်ကို ခံနိုင်ရည် ရှိတဲ့အပင်​တွေ ၊ စိမ်းစိုတဲ့ အပင်​တွေကို Bathroom ထဲမှာ ထားခြင်းအားဖြင့် သက်ဝင် လှပတဲ့ ပတ်ဝန်းကျင်တစ်ခုကိုရရှိ​စေပါတယ်။ အထူးသဖြင့် မနက်ခင်းဆို အိမ်သား​တွေရဲ့ စိတ်ကို ကြည်လင်လန်းဆန်း​စေပြီး relax ဖြစ်​စေပါတယ်😍

-ပန်းချီကား​လေး​တွေ ချိတ်ဆွဲထားခြင်းက ​ရေချိုးခန်းကို အမြင်လှပ​စေတဲ့အပြင် မိသားစုအတွက် ကံ​ကောင်းမှု​တွေကိုလည်း ​ဆောင်ကျဥ်း​ပေးနိုင်ပါတယ်။

4. အမြဲတမ်း အလင်း​ရောင် ရရှိ​အောင် ပြင်ဆင်​ပေးထားခြင်း 💡
Bathroom ​​တွေကို ပုံမှန်အားဖြင့် ​မှောင်​တဲ့​နေရာ​​တွေမှာ တည်​ဆောက်​လေ့ရှိကြပါတယ်။ ဒါ​ပေမဲ့ Feng Shui ပညာအရ ​Bathroom ​တွေကို အလင်း​ရောင် ​ကောင်း​ကောင်းရ​အောင် ပြင်ဆင်​ပေးခြင်းက မ​ကောင်းတဲ့ ကံ​တွေကို လွင့်ပြယ်​စေနိုင်ပါတယ်။

ဒါ့အပြင် မီးသီး​တွေကို အမြဲဖွင့်ထားခြင်းဖြင့် မီးသီးက ထုတ်လွှတ်တဲ့အပူ​ကြောင့် bathroom အတွင်းထဲက ​ရေဓါတ်​တွေက အ​ငွေ့ပြန်သွားလို့ စိုထိုင်းမှုကို ​လျှော့ချ​ပေးနိုင်ပြီး မှိုစွဲတာ​တွေ ၊ မှိုတက်တာ​တွေက်ို
ကာကွယ်​ပေးပါတယ်။