Return

(၁) ကုန်ပစ္စည်းများပြန်လည်လဲလှယ်ခြင်း (Product Return)

(၁.က) homemall.com.mm မှဝယ်ယူသောကုန်ပစ္စည်းများအား ကုန်ပစ္စည်းပြန်လည်လဲလှယ်ခြင်း၊ ငွေသားဖြင့် ပြန်လည်လဲလှယ်ခြင်းများအား အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လဲလှယ်လက်ခံပေးသွားမည်ဖြစ်ပါသည်။

(၁.ခ) ပြန်လည်လဲလှယ်ပေးမည့်အခြေအနေများ
(၁.ခ.၁) ဝယ်ယူထားသောပစ္စည်းများတွင် အနာပါခြင်း၊ စွန်းထင်းနေခြင်း၊ စုတ်ပြဲနေခြင်း၊ သတ်မှတ်အရွယ်အစား မပြည့်ခြင်း၊ အရည်အသွေးမပြည့်ခြင်းများရှိပါက ပြန်လည်လဲလှယ်ပေးမည်ဖြစ်ပါသည်။
(၁.ခ.၂) ဝယ်ယူထားသောပစ္စည်းအား Customer ထံသို့ပေးပို့ပြီး Customer မှ မကြိုက်လျှင်(၂၄)နာရီအတွင်း ဆက်သွယ်အကြောင်းကြားရမည်ဖြစ်ပြီး homemall.com.mm မှ ပြန်လည်လဲလှယ်ပေးမည်ဖြစ်ပါသည်။
(၁.ခ.၃) Mattress ဝယ်ယူထားသောဖောက်သည်သည် ထိုဖောက်သည်အိမ်ရှိ ကုတင်နှင့် အရွယ်အစားမတူလျှင် တူသော Matress အရွယ်အစားနှင့်ပြန်လည်လဲလှယ်ပေးမည်ဖြစ်ပါသည်။

(၂.က) လဲလှယ်မပေးနိုင်သည့်ပစ္စည်းများနှင့်အခြေအနေများ
(၂.က.၁) Furniture များအား တပ်ဆင်ပြီးလျှင် မလဲလှယ်ပေးပါ

(၃.က) လဲလှယ်ပေးနိုင်မည့်အချိန်ကာလ
(၃.က.၁) ဝယ်ယူထားသောကုန်ပစ္စည်းအား ဝယ်ယူထားသောဖောက်သည်အိမ်သို့ ရောက်ရှိချိန်မှ စ၍ (၂၄)နာရီအတွင်း homemall.com.mm သို့အကြောင်းကြားမှသာ လဲလှယ်ခွင့်ပြုမည်။

(၄.က) ကုန်ပစ္စည်း ပြန်လည်လဲလှယ်သည့်အခါ ကျခံရမည့် သယ်ယူပို့ဆောင်ရေးစရိတ်အား ကျခံခြင်း
(၄.က.၁) ကုမ္ပဏီမှရောင်းချထားသောပစ္စည်းများသည် ကုမ္ပဏီဘက်မှ ပြဿနာတစ်စုံတစရာကြောင့်ဟု စစ်ဆေးတွေ့ရှိပါက သယ်ယူပို့ဆောင်စရိတ်အား ကုမ္ပဏီဘက်မှ ကျခံမည်ဖြစ်ပါသည်။

(၄.က.၂) Customer မှမကြိုက်၍ပြန်လည်လဲလှယ်သောပစ္စည်းဖြစ်ပါက လဲလှယ်လိုသော ပစ္စည်းကို ပြန်လည်သွားယူသည့် စရိတ်အား ကုမ္ပဏီဘက်မှကျခံမည်ဖြစ်ပြီး လဲလှယ်ထားသောပစ္စည်းထပ်မံပို့ဆောင်ရသည့် သယ်ယူပို့ဆောင်ခအား Customer ဘက်မှကျခံရမည်ဖြစ်ပါသည်။ ဖောက်သည်ဘက်မှကျခံရမည်ဖြစ်သည်။


(၂) ပေးချေထားသောငွေသားအားပြန်လည်လွှဲအပ်ခြင်း (Cash refund)

(၂.က) ပြန်လည်လဲလှယ်ပေးမည့်အခြေအနေ

(၂.က.၁) Customer မှ မှားယွင်းစွာကုမ္ပဏီအကောင့်အတွင်းသို့ငွေလွှဲမိခြင်း

(၂.က.၂) Customer မှ ငွေပမာဏအား မှားယွင်းစွာပို၍လွှဲမိခြင်း

(၂.က.၃) အမှာအော်ဒါတင်ထားသော Customer မှ အမှားအော်ဒါအားဖျက်၍ ကြိုတင်လွှဲထားသောငွေအား ပြန်လည်တောင်းဆိုခြင်း

(၂.က.၄) Customer မှ ကုမ္ပဏီသို့ နှစ်ခါငွေလွှဲမိခြင်း စသည့်ကိစ္စများတွင် ပြန်လည်လွှဲအပ်ပေးသွားမည်ဖြစ်ပါသည်။


(၂.ခ) ငွေသားပြန်လည်လွှဲအပ်မည့်နည်းလမ်း

(၂.ခ.၁) အကြောင်းအမျိုးမျိုးကြောင့် homemall.com.mm မှ ငွေသားပြန်လည်လွှဲအပ်ရမည်ဆိုပါက မှားယွင်းလွှဲထားသော Customer ၏ဘဏ်အကောင့်အတွင်းသို့သာ ငွေသားပြန်လည်လွှဲပေးမည်ဖြစ်ပါသည်။


(၂.ဂ) ငွေသားပြန်လည်လွှဲအပ်မည့်အချိန်ကာလ

(၂.ဂ.၁) မှားယွင်းစွာလွှဲထားသောဖောက်သည်များထံသို့ ကုမ္ပဏီမှငွေပြန်လည်လွှဲအပ်ရာတွင်ဖောက်သည်မှငွေ မှား ယွင်းလွှဲအပ်ကြောင်းအကြောင်းကြားလာသည့်အချိန်(သို့)Online Sale Channel မှ စစ်ဆေး တွေ့ရှိသည့် အ ချိန်မှ စတင်၍ ၃ရက်အတွင်းဖောက်သည်ထံသို့ ပြန်လည်လွှဲအပ်ပေးပါမည်။