Delivery

(၁) အရောက်ပို့ပေးနိုင်မည့်အချိန်
(၁.က) ရန်ကုန်မြို့တွင်းနှင့်မန္တလေးမြို့တွင်းသို့ကုန်ပစ္စည်းပေးပို့ရာတွင် အမှာစာရရှိပြီး (၂)ရက်အတွင်း ပေးပို့ပေးသွားမည်ဖြစ်ပါသည်။

(၁.က.၁) နယ်မှဝယ်ယူသူများအားပေးပို့ရာတွင် သက်ဆိုင်ရာအဝေးပြေးကားဂိတ်များသို့ကုန်အမှာစာရရှိပြီး (၃)ရက်အတွင်း ပေးပို့ပေးသွားမည်ဖြစ်ပါသည်။

(၁.က.၂) အော်ဒါမှာသောကုန်ပစ္စည်းများအား ကုန်အမှာစာရရှိပြီး (စက်ရုံများမှထုတ်လုပ်ပြီးအချိန်) ပေးပို့ချိန် (၃)ရက်အတွင်း ပေးပို့မည်။


(၂) သယ်ယူပို့ဆောင်ခ (Delivery Fees)

(၂.က) ဖောက်သည်များသည် ရန်ကုန်၊မန္တလေး သတ်မှတ်မြို့နယ်များအလိုက် သယ်ယူပို့ဆောင်ခကျခံရမည်ဖြစ်ပါသည်။

(၂.က.၁) ရန်ကုန်၊မန္တလေးသတ်မှတ်မြို့နယ်များအလိုက် ဖောက်သည်များသည် ၁၅၀,၀၀၀ အထက်ဝယ်ယူပါက အခမဲ့ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ပြီး သတ်မှတ်မြို့နယ်များအား နောက်ဆက်တွဲဖြင့် ဖော်ပြထားသည်။

(၂.က.၂) သတ်မှတ် မြို့နယ်များတွင် မပါဝင်သောမြို့နယ်များသည် သတ်မှတ်ထားသော သယ်ယူပို့ဆောင်ခကျခံရမည်ဖြစ်ပြီး၊ အကယ်၍ ငွေကျပ် ငါးသိန်းပြည့်ပါက ယင်းမြို့နယ်များအနေဖြင့် ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ပေးပါမည်။ (မှတ်ချက်။ ။ ပဲခူး၊ ခရမ်း၊ သုံးခွ မပါပါ)

(၂.က.၃) နယ်မှဖောက်သည်များအား ပစ္စည်းပေးပို့ရာတွင် မည်သည့်ပမာဏဝယ်သည်ဖြစ်စေ ရန်ကုန်နှင့်မန္တလေးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာအဝေးပြေးကားဂိတ် အထိ အခမဲ့ပေးပို့ပေးမည်ဖြစ်ပါသည်။