Reviews (0)
Item Code : 211FP12GWDT3331
Brand
Sweety Home
Description
"အနောက်တိုင်းဆန်ဆန် လှပသော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသော Dressing Table အမျိုးအစား ဖြစ်ပါသည်။ သိပ်သည်းဆမြင့်မားသော Medium Density Fiber (MDF) အမျိုးအစား ကြိတ်သား နှင့် Melamine Coating တို့အား တွဲဖက်အသုံးပြုထုတ်လုပ်ထားခြင်းကြောင့် မာကျောကျစ်လစ်မှုရှိ၍ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။ အရည်အသွေးကောင်းမွန်သော PU-Sealer မှုတ်ဆေးအမျိုးအစားအား အသုံးပြုထားသည့်အတွက် အနံ့အသက်ကင်းစင်သည့်အပြင် ပိုးထိုးခြင်း၊ခြစားခြင်းများ လုံးဝ မဖြစ်စေပါ။ ထုတ်လုပ်မှုအပိုင်းတွင်လည်း ကော်ပတ်အချောတိုက်စက်၊ အကြမ်းတိုက်စက်များဖြင့် အချောသပ်ထုတ်လုပ်ထားခြင်းကြောင့် လှပသေသပ်ပြီး ညီညာချောမွေ့စေပါသည်။ အလှပြင်သည့်အခါတွင် သက်တောင့်သက်သာဖြစ်စေရန်အတွက် ပံ့ပိုးကူညီပေးနိုင်သည့်အပြင် အလှကုန်ပစ္စည်းများ သိမ်းဆည်းရန်အတွက် Drawer Box အကြီး (၂) ခု နှင့် အံဆွဲအသေး (၁) ခု ပါဝင်ပါသည်။ ကြည့်မှန်၏ဘေးနှစ်ဖက်တွင် အကန့် (၂) ကန့်ပါဝင်သော စင်အသေး တခုစီ ပါဝင်သဖြင့် အရုပ်များ၊ပန်းအိုးလေးများဖြင့် လှပစွာ ဒီဇိုင်းဆင်ထားနိုင်ပါသည်။ အဖြူရောင် နှင့် မီးခိုရောင် တို့အား ပေါင်းစပ်ထုတ်လုပ်ထားသည့်အတွက် လှပမှုရှိပြီး အိမ်တိုင်း၏အလှအား ပိုမိုထင်ရှားစေပါသည်။ အလျား၊အနံ အတိုင်းအတာ 1015x460x1560 mm ရှိသဖြင့် အိမ် နှင့် အခန်းကျယ်သူများအတွက် အသုံးပြုနိုင်ပါသည်။ အမျိုးသမီးများအတွက် Dressign chair နှင့် တွဲဖက်၍ အသုံးပြုနိုင်ပါသည်။"
Size
1015x 460 x 1560 mm
Color
Quantity