https://shassets.sgp1.digitaloceanspaces.com/proxy-images/sweety_home/product/8843-2-ndP7WuqHSw6N-1684132332_1200_1200.jpg

Reviews (0)

Plywood Wardrobe

Walnut 1200 x 520 x 1830 mm

Item Code : 211FP09MPWR8843

1,603,000 Ks

Brand

Sweety Home

Description

"ဂန္တဝင်ဆန်သော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသော အဝတ်ဗီဒို အမျိုးအစားဖြစ်သောကြောင့် အိမ်တိုင်း နှင့်လိုက်ဖက်မှုရှိစေပြီး အိမ်ခန်း၏ အလှအား ပိုမိုခန့်ညားတင့်တယ်စေပါသည်။ သိပ်သည်းဆမြင့်မားသော Medium Density Fiber (MDF) အမျိုးအစား ကြိတ်သား နှင့် Melamine Coating တို့အား တွဲဖက်အသုံးပြုထုတ်လုပ်ထားခြင်းကြောင့် မာကျောကျစ်လစ်မှုရှိ၍ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။ အရည်အသွေးကောင်းမွန်သော PU-Sealer မှုတ်ဆေးအမျိုးအစားအား အသုံးပြုထားသည့်အတွက် အနံ့အသက်ကင်းစင်သည့်အပြင် ပိုးထိုးခြင်း၊ခြစားခြင်းများ လုံးဝ မဖြစ်စေပါ။ ထုတ်လုပ်မှုအပိုင်းတွင်လည်း ကော်ပတ်အချောတိုက်စက်၊ အကြမ်းတိုက်စက်များဖြင့် အချောသပ်ထုတ်လုပ်ထားခြင်းကြောင့် လှပသေသပ်ပြီး ညီညာချောမွေ့စေပါသည်။ အဝတ်အစားများအား ပိုးကိုက်ခြင်း၊မှိုနံ့စွဲခြင်း၊ညစ်ပေခြင်းများမှ ကင်းဝေးစေပြီး သန့်ရှင်းသပ်ရပ်စွာ သိမ်းဆည်းထားနိုင်ပါသည်။ အထပ် (၆)ထပ် အပြင် အံဆွဲ (၂) ခု ပါဝင်သောကြောင့် အဝတ်အစားများ အပြင် အခြားဆက်စပ်အသုံးအဆောင်ပစ္စည်းများကိုပါ တနေရာတည်းတွင် အလွယ်တကူ သိမ်းဆည်းထားနိုင်ပါသည်။ အခြားအရေးကြီးပစ္စည်းများ သိမ်းဆည်းရာတွင် လုံခြုံစိတ်ချမှုရှိစေရန်အတွက် သော့ တပ်ဆင်ပေးထားပါသည်။ အဖွင့်အပိတ်ပြုလုပ်သော တံခါးနေရာတွင် ကိုယ်လုံးကြည့်မှန် (၁) ချပ်တပ်ဆင်ထားသဖြင့် ဝတ်စားဆင်ယင်မှုပုံစံအား အလွယ်တကူ ကြည့်ရူနိုင်ပါသည်။ အလျား၊အနံ အတိုင်းအတာ 810x520x1830 mm ရှိသဖြင့် အိမ် နှင့် အခန်းကျယ်သူများအတွက် အသုံးပြုနိုင်ပါသည်။"

Color

Size

Quantity