Sweety Home Classic Pocket Type Mattress ရဲ့အတွင်းထဲမှာ ဘယ်အရာတွေနှင့်ဘယ်လိုပြုလုပ်ဖန်တီးထားတယ်ဆိုတာ သင်သိရဲ့လား?

Thu, Apr 4, 2024 11:08 AM | B2C Super Admin

Sweety Home Classic Pocket Type Mattress ရဲ့အတွင်းထဲမှာ ဘယ်အရာတွေနှင့်ဘယ်လိုပြုလုပ်ဖန်တီးထားတယ်ဆိုတာ သင်သိရဲ့လား?

ဒီစာလေးကိုဖတ်ပြီးသွားပြီဆိုရင်တော့ သင်ဟာ Classic Pocket Type Mattress တစ်ခုကို ဘာတွေနှင့်ဘယ်လိုဖန်တီးပြုလုပ်ထားတယ်ဆိုတာသိရှိသွားမှာပဲဖြစ်ပါတယ်။

Sweety Home ရဲ့ Classic Pocket ဆိုတာ Premium Material တွေနဲ့ တစ်လွှာခြင်း အထူးပြုလုပ်ထားတဲ့ pocket type spring mattress တစ်မျိုးပဲ ဖြစ်ပါတယ်။ Pocket Type ဆိုတာကတော့ စပရင်တစ်ခုချင်းစီကို အထုပ်လေးတွေနဲ့ ထုပ်ပေးထားတာဖြစ်ပြီး ချိုင့်သွားခြင်း၊ ခွက်သွားခြင်းမျိုး မဖြစ်အောင် အထူးစီမံ ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။ အလွှာ (၈) လွှာနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဘယ်လိုအလွှာတွေက ဘယ်လိုအားသာချက်တွေရှိနေသလဲဆိုတာကို ကြည့်လိုက်ကြရအောင်။
◾️ အပေါ်ယံအလွှာကတော့ Smart Performance Cover လို့အမည်ပေးထားပြီး ထိလိုက်တာနဲ့ အေးသွားမယ့် အသားမျိုးကို ရွေးချယ်အသုံးပြုပေးထားပါတယ်။ ချွတ်ပြီး လျှော်လို့ရမယ့် အလွှာလည်း ဖြစ်ပါတယ်။
◾️ ဒုတိယအလွှာကတော့ Polyester Inner Cover ပါ။ အတွင်းပိုင်း တစ်လွှာအနေနဲ့ ခံထားပေးတာပဲ ဖြစ်ပါတယ်။
◾️ တတိယအလွှာအနေနဲ့တော့ High Density Memory Foam ကို အသုံးပြုပေးထားပါတယ်။ ရေမြုပ်အကျစ်သားဆိုတော့ ကျောရိုး၊ ခါး စတဲ့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဝိတ်ကို ထိန်းထားရတဲ့ အစိတ်အပိုင်းတွေကို သိသိသာသာ သက်သာသွားစေမှာပါ။
◾️ စတုတ္ထအလွှာကတော့ ရေမြုပ်ကို အားဖြည့်တဲ့အနေနဲ့ တစ်ထပ်ခံပေးထားတဲ့ dullness cotton pad ပဲဖြစ်ပါတယ်။
◾️ ပဉ္စမအလွှာရဲ့ ရည်ရွယ်ချက်က mattress ကို အထက်အောက်လှန်ပြီး အသုံးပြုနိုင်ဖို့ ဖြစ်တဲ့အတွက် Two Sided Films တွေကို အသုံးပြုပေးထားပါတယ်။
◾️ နောက်ထပ်တစ်လွှာကတော့ High Density Memory Foam ကိုပဲ အသုံးပြုသူတွေရဲ့ သက်တောင့်သက်သာဖြစ်မှုကို ဦးတည်ပြီး အပိုတစ်ထပ် ခံပေးထားတာပါ။
◾️ (၇) လွှာမြောက်ကတော့ စပရင်နဲ့ တိုက်ရိုက်ထိတွေ့ရမယ့် အလွှာဖြစ်လို့ Isolated layer comfort pad ကိုသုံးပေးထားပါတယ်။
◾️ mattress ရဲ့ အတွင်းပိုင်းအကျဆုံး ရှစ်လွှာမြောက်ကိုတော့ (၁၀) နှစ်တိတိအာမခံပေးထားတဲ့ 3 zone pocket frame ကိုအသုံးပြုပေးထားပြီး စပရင်တစ်ခုချင်းစီကို အထုတ်လေးတွေနဲ့ တစ်ခုစီထုတ်ပေးထားမှာပဲ ဖြစ်ပါတယ်။
ရှစ်လွှာဆိုပေမယ့်လို့ အထက်အောက်ပေါင်းလိုက်တဲ့အခါ (၁၅) လွှာတိတိရှိသွားမှာမလို့ အကောင်းတကာ့အကောင်းဆုံးကိုမှ ကြိုက်တတ်သူတွေအတွက် အသင့်တော်ဆုံး Mattress လေးပါပဲ။

Sweety Home စပရင်မွေ့ရာများကို ISO 9001:2015 လက်မှတ်ရ Sweety Home ကိုယ်ပိုင်စပရင်မွေ့ရာစက်ရုံမှ အကောင်းမွန်ဆုံး အရည်အသွေးဖြင့်ထုတ်လုပ်ထားပြီး အာမခံချက်ကိုလည်း အပြည့်အဝပေးထားပါသည်။