အိမ်ကမွေ့ယာလေးနံနံဖြစ်နေရင် ဒါမျိုးလေးလုပ်ကြည့်လိုက်ပါနော်

Thu, Apr 4, 2024 11:35 AM | B2C Super Admin

အိမ်ကမွေ့ယာလေးနံနံဖြစ်နေရင် ဒါမျိုးလေးလုပ်ကြည့်လိုက်ပါနော်

မွေ့ရာတွေက လူတွေရဲ့တစ်နေ့တာပင်ပန်းမှုတွေ အားလုံးရဲ့ အညောင်းဆန့်ရာ ဇိမ်ခံအိပ်စက်ရာ နေရာလေး တစ်ခုလည်းဖြစ်ပါတယ်။

အိပ်စက်ချိန်မှာ သက်တောင့်သက်သာဖြစ်မှုကိုအပြည့်အဝပေးနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အနံ့ဆိုးတွေထွက်လာရင်တော့ ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။
ခဏခဏသန့်ရှင်းရေး ပြုလုပ်ပေမယ့် အချိန်တိုအတွင်း အနံ့ဆိုးတွေ ထွက်လာတာက မွေ့ရာမှာ အနံ့ခုခံနိုင်စွမ်း မရှိလို့ပါ။

ဒီလိုမျိုး အနံ့ဆိုးတွေ ထွက်လာပြီဆိုရင် ဘယ်လို သန့်ရှင်းရေးပြုလုပ်ရမလဲဆိုတာကို မျှဝေပေးသွားပါ့မယ်

အရင်ဆုံး မုန့်ဖုတ်ဆိုဒါဖြင့် မွေ့ရာပေါ်ကို ဖြန်းထားပြီး ၁ နာရီလောက် နှပ်ထားပါ။

ပြီးလျှင် Vacuum Cleaner ဖြင့် သန့်ရှင်းရေးပြုလုပ်ပြီး

နေပူထဲတွင် မိနစ် ၃၀ လောက် နေလှန်းထားလိုက်ပါက အနံ့ဆိုးတွေဘေးက ကင်းလွတ်နိုင်ပြီနော်…