Sat, Apr 6, 2024 2:58 PM | B2C Super Admin
တစ်ခါတလေမှာ ကိုယ်ကိုယ်တိုင်သတိမထားမိဘဲ ပြုလုပ်မိတတ်တဲ့အမှားအချို့ရှိပါတယ်။ ဘယ်အမှားတွေက အိပ်ရာပေါ်မှာမပြုလုပ်သင့်တဲ့အရာတွေဖြစ်စေလဲဆိုတာကိုရှင်းပြပေးသွားပါမယ်နော်။
မုန့်စားခြင်း
အိပ်ရာပေါ်ကို မုန့်တွေယူစားတဲ့အခါ မုန့်အကြွင်းအကျန်တွေက အိပ်ရာပေါ်ကျနိုင်ပြီး မုန့်ရဲ့အစေးအကပ်တွေက အိပ်ရာခင်းထည်ကိုပျက်စီးစေတတ်ရုံသာမက အင်းဆက်တွေရောက်လာနိုင်တာကြောင့် ခန္ဓာကိုယ်ယားယံခြင်းတွေဖြစ်စေလို့ အိပ်ရာပေါ်မှာမုန့်စားတတ်တဲ့အကျင့်ကို ဖျောက်ပစ်ဖို့လိုအပ်ပါတယ်။
ဆေးလိပ်သောက်ခြင်း
အိပ်ခန်းမှာ ဆေးလိပ်သောက်တာက အခန်းထဲမှာရှိတဲ့ လေထုကို ညစ်ညမ်းစေပြီး လေကောင်းလေသန့်ရဖို့ ရာခိုင်နူန်းနည်းသွားရုံသာမက အိပ်ရာခင်းထည်တွေကိုလည်း မတော်တဆမီးစွဲခြင်း၊ အနံ့စွဲခြင်းတွေဖြစ်တတ်တာကြောင့် အိပ်ခန်းထဲမှာ ဆေးလိပ်သောက်ခြင်းကို ရှောင်ကိုရှောင်သင့်ပါတယ်။ အိမ်ရဲ့ဝရံတာ၊ နောက်ဖေးအစရှိတဲ့နေရာတွေမှာ သောက်သုံးတာက ပိုအဆင်ပြေကြောင်းအကြုံပြုပါရစေ။
ကိုယ်လက်မသန့်စင်ခြင်း
တစ်နေကုန်သွားလာလှုပ်ရှားခဲ့သမျှ ခန္ဓာကိုယ်မှာ မမြင်ရတဲ့ဖုန်မှုန့်၊ အညစ်အကြေးတွေကပ်နေနိုင်တာကြောင့် အိပ်ရာမဝင်ခင်မှာ ကိုယ်လက်သန့်စင်ခြင်းကို မဖြစ်မနေပြုလုပ်သင့်ပါတယ်။ ကိုယ်လက်မသန့်စင်ဘဲ အိပ်ရာဝင်တဲ့အခါ တစ်ညလုံးကောင်းကောင်းအိပ်မပျော်တော့ဘဲ ခန္ဓာကိုယ်ယားယံတာမျိုးတွေဖြစ်တတ်ပါတယ်။
ခုန်ပေါက်ခြင်း
အိပ်ရာပေါ်တွင် ခုန်ပေါက်ကစားတာဟာ မွေ့ရာရဲ့အရည်အသွေးတွေကို ကျစင်းစေပြီး လွယ်လွယ်ပျက်စီးစေပါတယ်။ အနားယူတဲ့အချိန်မှာ မွေ့ရာရဲ့နူးညံ့မှုကို အပြည့်အဝမရတော့ပဲ လည်ပင်းနာခြင်း၊ ကျောနာြခင်း၊ တင်ပါးနာခြင်းတွေ ဖြစ်စေတတ်တာမို့လို့ အိပ်ရာပေါ်ခုန်ပေါက်ကစားခြင်းကို ရှောင်ကြည်ရပါမယ်။
အိမ်မွေးတိလေးတွေနှင့်အတူအိပ်ခြင်း
တိချစ်သူတွေတော်တော်များများ အိပ်ရာပေါ်မှာ တိလေးတွေနဲ့အတူတူအိပ်တတ်ကြတဲ့အကျင့်ရှိကြပါတယ်။ တိလေးတွေရဲ့အမွှေးအမျှင်လေးတွေ၊ အမှုန်အမွှားလေးတွေက အသက်ရှုလမ်းကြောင်းကိုထိခိုက်နိုင်တဲ့အပြင် လူရဲ့ခန္ဓာကိုယ်အပူချိန်ကြောင့် တိလေးတွေအတွက်လည်း ထိခိုက်နိုင်တာမို့လို့ တိလေးတွေနဲ့အတူတူမအိပ်ဖို့ပြောပါရစေ။