Fri, Apr 12, 2024 10:53 AM | B2C Super Admin
ဒါလေးဖတ်ပြီးသွားရင်တော့ အိပ်ရာခင်းလေးမှာအစွန်းတွေဖြစ်နေမှာကို ကြောက်နေစရာမလိုတော့ဘူးပေါ့။
လျှော်ထားတာမကြာသေးတဲ့ အိပ်ရာခင်းလေးထပ်စွန်းသွားလို့ စိတ်ညစ်နေပြီလား? အိမ်ရှင်မတွေရဲ့ အဓိကရန်သူတော်ကြီးဖြစ်တဲ့ အိပ်ရာခင်းအစွန်းတွေကို အိမ်သုံးပစ္စည်းတွေနဲ့ ဘယ်လိုဖျောက်လို့ရမလဲဆိုတာတစ်ချက်ချင်းစီကိုဖတ်ကြည့်လိုက်ပါနော်။
• ကော်ဖီအစွန်းအထင်းများ
အိပ်ရာခင်းမှာပေနေတဲ့ ကော်ဖီအစွန်းအထင်းတွေကို ဖယ်ရှားဖို့အတွက်ဆိုရင် သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါကို ရေနွေးလေးစွတ်ပြီး ပန်းကန်ဆေးဆပ်ပြာဆီအနည်းငယ်ဖြင့် ပွတ်တိုက်ပေးလိုက်တဲ့အခါ ကော်ဖီအစွန်းတွေကို အလွယ်တကူဖယ်ရှားနိုင်ပါတယ်။
• ချွေးအစွန်းအထင်းများ
ခန္ဓာကိုယ်မှထွက်တတ်တဲ့ အဆီနှင့်ချွေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ အဝါရောင်အစွန်းအထင်းတွေက ဖယ်ရှားဖို့အခက်ခဲဆုံးအစွန်းအထင်းတစ်ခုဖြစ်ပေမယ့် မုန့်ဖုတ်ဆိုဒါ၊ ဆားနှင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တို့ကို သုတ်လိမ်းပေးပြီး သွားတိုက်တံဖြင့်ပွတ်တိုက်ပြီးတဲ့အခါ ရေနွေးနှင့်ပြန်ဆေးခြင်းဖြင့် ချွေးအစွန်းအထင်းတွေကို ဖယ်ရှားနိုင်ပါတယ်။
• သွေးအစွန်းအထင်းများ
ပထမဦးဆုံးအနေနဲ့ သွေးအစွန်းအထင်းတွေကို မခြောက်သွားခင်အချိန်မှာ အမြန်ဆုံးဖယ်ရှားတာက အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်စေပြီး ဖယ်ရှားဖို့အတွက်လည်းပိုမိုလွယ်ကူစေပါတယ်။ သွေးအစွန်းအထင်းတွေကို ဖယ်ရှားတဲ့အခါ ဆပ်ပြာဆီအပျော့စားကို ရေအေးအေးဖြင့်စွတ်ပြီး ပွတ်တိုက်ပေးပါ။ သတိထားဖို့အနေဖြင့် အိပ်ရာခင်းထည်တွေမပျက်စီးစေဖို့အတွက် အလွန်အမင်းမပွတ်တိုက်ဖို့ လိုအပ်ပါတယ်။
• မိတ်ကပ်အစွန်းအထင်းများ
မိတ်ကပ်မှာ အစိုဓာတ်နှင့်အဆီများပါဝင်တာကြောင့် အိပ်ရာခင်းတွေမှာပေကျံတဲ့အခါ ဖယ်ရှားဖို့ခက်ခဲတဲ့ အစွန်းအထင်းတစ်ခုကိုဖြစ်စေပါတယ်။ သို့ပေမယ့် အဝတ်လျှော်ဆပ်ပြာရည်ကို ရိုးရိုးရေနှင့် ရောသမမွှေပြီး မိနစ် (၃၀) ခန့်စိမ်ထားလိုက်ခြင်းဖြင့် မိတ်ကပ်အစွန်းအထင်းတွေကို လွယ်ကူစွာဖယ်ရှားနိုင်ပါတယ်။