Wed, Jul 17, 2024 3:32 PM | B2C Super Admin
လူတစ်ယောက်အတွက် အိပ်စက်ခြင်းသည် တစ်နေ့တာပင်ပန်းမှုမှန်သမျှ ပြေပျောက်စေတဲ့ နည်းတစ်မျိုးဖြစ်တဲ့အတွက် ကောင်းကောင်းအိပ်စက် အနားယူဖို့ လွန်စွာမှအရေးကြီးပါတယ်။ ဒါ့အပြင် အိပ်စက်ပုံတစ်သတ်မတ်ထဲအနေအထားက သင့်ကျန်းမာရေးကို သက်ရောက်မှုရှိကြောင်းလည်း သတိထားသင့်ပါတယ်။
ပက်လက်အိပ်စက်ခြင်း
ပက်လက်အိပ်စက်ခြင်းက အညောင်းအညာ အကြောအချဉ်ပြေစေတဲ့အပြင် မျက်နှာနှင့်အောက်စီဂျင် ထိတွေမှု့များပြီး အရေးအကြောင်းတွေလျော့ပါးစေနိုင်ပါတယ်။ ဒါပေမဲ့ Sleep APNEA လို့ခေါ်တဲ့ အိပ်နေရင်း အသက်ရူရပ်တတ်တဲ့ရောဂါ အခံရှိသူတွေက ပက်လက်ပုံစံနဲ့ ကြာကြာအိပ်တာမျိုးမလုပ်ပဲ သတိထားပြီး ပုံစံပြောင်းအိပ်သင့်ပါတယ်။
ဘေးတစ်စောင်းအိပ်စက်ပုံ
လူတော်တော်များများ အများဆုံးအိပ်စက်တဲ့ ပုံစံကတော့ ဘေးတစ်စောင်းအိပ်ခြင်းပဲဖြစ်ပါတယ်။ အချိန်ကြာကြာ ဘေးတစ်စောင်းအိပ်စက်ပါက အဆုပ်နှင့်အစာအိမ် တို့အတွက် ဖိအားဖြစ်စေတဲ့အတွက် ရေရှည်မှာမကောင်းပါဘူး။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းကို ကြာကြာဖိမိပါက အိပ်ယာနိုးလာတဲ့အခါ လန်းလန်းဆန်းဆန်းမရှိဘဲ ထုံကျင်တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။
မှောက်လျက်အိပ်စက်ပုံ
အိပ်စက်တဲ့ပုံစံတွေထဲမှာ မှောက်အိပ်ခြင်းက အဆိုးဆုံးဖြစ်ပါတယ်။ မှောက်အိပ်တဲ့အခါ ကျောရိုးကြီးက စောင်းပြီး ခွက်နေတာကြောင့် ခါးနာခြင်း၊ ခန္ဓာကိုယ်အပြင် ခေါင်းကပါ တစ်ဘက်လှည့်ထားတာကြောင့် လည်ပင်းနာြခင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှမှောက်လျက်အိပ်စက်ခြင်းကို ရှောင်ကြည်သင့်ပါတယ်။ တကယ်လို့ မှောက်အိပ်မှ အိပ်ပျော်တတ်တဲ့သူမျိုးဆိုရင်တော့ သက်တောင့်သက်သာရှိဖို့ ဗိုက်နားနှင့်တင်ပါးနားမှာ ခေါင်းအုံးခံပြီး အိပ်တာမျိုးလုပ်သင့်ပါတယ်။