သင့်အိပ်‌ယာခင်းကို ဘယ်နှစ်ရက် တစ်ခါ လဲလှယ်သင့်လဲ?

Thu, Jul 25, 2024 4:06 PM | B2C Super Admin

သင့်အိပ်‌ယာခင်းကို ဘယ်နှစ်ရက် တစ်ခါ လဲလှယ်သင့်လဲ?

ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်ပါတ်ကို (၄၉) နာရီမှ နာရီ (၆၀) ကျော်အထိ အိပ်ယာပေါ်မှာ အချိန်ကုန်ဆုံးတတ်ကြပါတယ်။ ဒီလိုမျိုး အိပ်ယာပေါ်မှာ အချိန်နာရီပေါင်းများစွာ ကုန်ဆုံးတာကြောင့် ဖုန်မှုန့်၊ ချွေး၊ အဆီ နှင့် အမှုန်အမွှားတွေဟာ အိပ်ယာခင်း အပေါ်မှာ တင်ကျန်နေတတ်ပါတယ်။ အိပ်ယာခင်းကို ပုံမှန် လဲလှယ်ခြင်း၊ လျှော်ဖွတ်ခြင်းတို့ မပြုလုပ်ပါက မသန့်ရှင်းတဲ့ အိပ်ယာကြောင့် ယားနာနှင့် အသက်ရှုကျပ်တဲ့ ဝေဒနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

သင့်အိပ်ယာကို သန့်ရှင်းနေစေဖို့ဆိုလျင် အနည်းဆုံး တစ်ပါတ်ကို တစ်ခါ သင့်အိပ်ယာခင်းကို လဲလှယ်လျှော်ဖွတ်သင့်ပါတယ်။ အကယ်၍ အိမ်မွေးတိရစ္ဆာန်များကလည်း သင်နှင့်အတူ သင့်အိပ်ယာပေါ်တွင် အိပ်ပါက ၃ - ၄ ရက် တစ်ခါ အိပ်ယာခင်းကို လဲလှယ် လျှော်ဖွတ်သင့်ပါတယ်။