Wed, Apr 10, 2024 2:28 PM | B2C Super Admin
ခေါင်းအုံးစွပ်တစ်ခုတည်းကိုပဲ အမြဲတမ်းစွဲသုံးနေတာဟာ ကျန်းမာရေးအတွက်ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးအတွက်ဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်လဲဆိုတာ အောက်မှာရှင်းပြပေးထားပါတယ်။
ဝက်ခြံပေါက်စေခြင်း
ခေါင်းအုံးနဲ့မျက်နှာဟာ တစ်ညလုံးထိတွေ့နေတဲ့အတွက်ကြောင့် ခေါင်းအုံးစွပ်မှာရှိတဲ့ ဖုန်မှုန့်နဲ့အညစ်အကြေးတွေက ဝက်ခြံအလွယ်တကူဖြစ်စေပါတယ်။
နှာချေ၊ နှာမွှန်ခြင်း
ခေါင်းအုံးစွပ်မှာကပ်တွယ်နေတဲ့ ဖုန်မှုန့်၊ ဗက်တီးရီးယားပိုးမွှားတွေ နာခေါင်းထဲဝင်တဲ့အခါ နှာချေတာ၊ နှာမွှန်တာတွေဖြစ်စေပြီး အသက်ရှူလမ်းကြောင်းကိုထိခိုက်စေပါတယ်။
ဦးရေပြားယားယံခြင်း
ခေါင်းအုံးစွပ်မလဲတဲ့အခါ ဖုန်မှုန့်၊ အညစ်အကြေး၊ လေထုညစ်ညမ်းမှု၊ အဆီတွေကြောင့် ဦးရေပြားကိုယားယံစေပြီး ဗောက်ထစေနိုင်ပါတယ်။
ခေါင်းအုံးစွပ်ကိုဘယ်အချိန်လဲသင့်လဲ
ခေါင်းအုံးစွပ်တွေကို ပုံမှန်အားဖြင့် တစ်ပါတ်တစ်ကြိမ်လဲသင့်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပြုချက်အရ တစ်ပါတ်လျှင့်အနည်းဆုံးနှစ်ကြိမ်ကနေ သုံးကြိမ်အထိလဲသင့်ကြောင်း အကြံပြုထားပါသည်။