Fri, Apr 12, 2024 10:30 AM | B2C Super Admin
Healthy and Happy Lifestyle တစ်ခုရဲ့ လျှို့ဝှက်ချက်တွေထဲမှာ ကောင်းမွန်စွာအိပ်စက်နိုင်ခြင်းက အရေးပါတဲ့နေရာမှာရှိနေပါတယ်။ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့အတွက်ဆို ခေါင်းအုံးကောင်းကောင်းတစ်လုံး လိုအပ်မှာအသေအချာပါ။ ဒါ့ကြောင့် ခေါင်းအုံးကောင်းကောင်းတစ်လုံးနဲ့ သင့်ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲဆိုတာကို ပြောပြပေးပါ့မယ်။
ညဘက်တွေမှာ အိပ်ပျော်စေတဲ့အတွက် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတယ်။
ခန္ဓာကိုယ်နှင့်ကိုက်ညီသောခေါင်းအုံးတစ်လုံးက ကောင်းမွန်သောအိပ်စက်မှုကိုဖြစ်ပေါ်စေပြီး သွေးလည်ပါတ်မှု့ကိုမှန်ကန်စေတဲ့အတွက် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။
ဦးနှောက်မှတ်ဉာဏ်နှင့် သိမြင်နိုင်စွမ်းကို တိုးတက်စေတယ်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းက ဦးနှောက်ကိုကောင်းမွန်စွာအနားပေးတာြဖစ်တဲ့အတွက် ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းကိုပိုမိုတိုးတက်စေပြီး မှတ်ဉာဏ်နှင့် သိမြင်နိုင်စွမ်းကို အကောင်းဆုံးအထောက်အကူပြုပါတယ်။
ခန္ဓာကိုယ်အလေးချိန်တိုးပွားခြင်းကို ကာကွယ်ပေးတယ်။
ကောင်းမွန်စွာအိပ်စက်နိုင်ခြင်းကြောင့် ကိုယ်ခန္ဓာအတွင်းကလီစာတွေရဲ့လုပ်ဆောင်မှုကို တိုးတက်စေပြီး အဆီပိုဖြစ်ထွန်းစေမှု့ကိုလဲလျှော့ချနိုင်တဲ့အတွက် ခန္ဓာကိုယ်အလေးချိန်တိုးပွားခြင်းကို ကာကွယ်ပေးပါတယ်။
စိတ်ဖိစီးမှု လျော့နည်းစေပြီး နှလုံးအားကောင်းစေတယ်။
ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေသောကြောင့် မနက်ပိုင်းမှာစိတ်ကြည်လင်လန်းဆန်းစွာ နိုးထနိုင်မှာြဖစ်တဲ့အတွက် စိတ်ဖိစီးမှု့ကိုလျော့ကျနိုင်ပြီး အဆာချေနိုင်မှုကိုတိုးတက်စေကာ နှလုံးအားကောင်းစေမှာပဲဖြစ်ပါတယ်။
အိုမင်းရင့်ရော်မှု့ကိုလျော့ချပေးတယ်။
နေ့ရက်တိုင်းအိပ်ရေးပြည့်ဝနေခြင်းက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး မျက်နှာပေါ်က ကြွက်သားနှင့်အကြောတွေတင်းမာမှု့ကိုလျှော့ကျစေပြီး မျက်နှာပေါ်အရေးအကြောင်းဖြစ်ပေါ်ြခင်းနှင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။