Wed, Apr 10, 2024 1:16 PM | B2C Super Admin
အိပ်ရာဆိုတာ တနေ့တာပင်ပန်းမှုတွေကို သေချာဖြေဖျောက်ဖို့အတွက် အထောက်အကူအများကြီးပြုပါတယ်။
လွန်ခဲ့တဲ့ ၁၈၇၀ခုနှစ်တုန်းက ဂျာမာန်လူမျိုးဖြစ်တဲ့ Heinrich Westphal ဆိုသူကစတင်ဖန်တီးခဲ့တဲ့အတွက် ယခုထိတိုင် လူတွေအတွက် မခွဲချင်၊ မခွာချင်လောက်အောင် ဇိမ်ခံပစ္စည်းလေးတစ်ခုဖြစ်လာတာပေါ့။ သူပထမဦးဆုံးစဖန်တီးခဲ့တဲ့ Mattress အမျိုးအစားလေးကတော့ လူတိုင်းကြိုက်နှစ်သက်နေတဲ့ Innerspring Mattress လေးပဲဖြစ်တယ်။ Mattress တွေမပေါ်ခင်ကဆို လူတွေဟာမြေကြီးပေါ်မှာပဲ ကောက်ရိုးမျှင်တွေ၊ သစ်ရွက်ခြောက်တွေခင်းကျင်းပြီး အိပ်ကြရတယ်။ ဒီလိုအခက်အခဲတွေကို ထပ်မကြုံရလေအောင် Heinrich Westphal ဟာကယ်တင်ပေးလိုက်သလိုပါပဲ။ သူ့ရဲ့အိပ်ရာကိုဖန်တီးရတဲ့အကြောင်းအရင်းမှာဆိုရင် လူတွေအိပ်စက်အနားယူတဲ့အခါ ပိုမိုဇိမ်ကျစေပြီး ခန္ဓာကိုယ်နာကျင်မှုတွေကိုသက်သာစေဖို့အတွက် ရည်ရွယ်ပြီးဖန်တီးခဲ့တာပါ။
ယနေ့ခေတ်မှာတော့ Spring Mattress အပြင်အခြားသော Foam Mattress၊ Coconut Palm Mattress စတဲ့အမျိုးအစားတွေထုတ်လုပ်လာကြတယ်။ ရွေးချယ်စရာတွေများလာတဲ့အပြင် အိပ်ခန်းလေးတစ်ခုလှပဖို့အတွက်အဆင်တန်ဆာတစ်ခုအနေနဲ့ပါဖြစ်လာပါတော့တယ်။ ဒီလိုမျိုးကိုယ်ပိုင်အိပ်ခန်းလေးကို အလှဆင်ဖို့အတွက် အမျိုးအစား၊ ဒီဇိုင်းစုံလင်ပြီး အရည်အသွေးကောင်းမွန်တဲ့ Mattress များကိုတစ်နေရာတည်းမှာရရှိနိုင်တဲ့ Sweety Home Living Mall မှာကိုယ်တိုင်ကိုယ်ကျ ဝယ်ယူနိုင်သလို အခု HomeMall ထဲကနေလည်း အိမ်ထဲကအိမ်အပြင်မထွက်ပဲ အလွယ်တကူမှာယူနိုင်ပါတယ်နော်။