မွေ့ရာတွေကို “၈နှစ်” အထက်သုံးရင်ဘာတွေဖြစ်လာနိုင်သလဲ။

Mon, Apr 8, 2024 2:03 PM | B2C Super Admin

မွေ့ရာတွေကို “၈နှစ်” အထက်သုံးရင်ဘာတွေဖြစ်လာနိုင်သလဲ။

ကျွမ်းကျင်ပညာရှင်တွေက မွေ့ရာတွေကို တစ်ခုတည်းစွဲမသုံးစေဘဲ ၆နှစ်မှ ၈နှစ်အထိ တစ်ကြိမ်လဲသင့်ကြောင်း အကြံပြုထားပါတယ်။

လူတော်တော်များများဟာ သက်တမ်းတဝက်ကိုအိပ်စက်ခြင်းနဲ့ကုန်ဆုံးကြပါတယ်။
ညတိုင်းအိပ်စက်ရတဲ့မွေ့ရာဟာ သက်တမ်းကြာလာတဲ့အမျှ သက်သောင့်သက်သာမရှိတော့ဘဲ ခါးနာခြင်း၊ ကျောနာခြင်းများဖြစ်ပေါ်စေပြီး ကျန်းမာရေးအတွက်ဆိုးကျိုးများစွာဖြစ်စေပါတယ်။ ဒါ့အပြင်အခြားသောရောဂါတွေလည်း ဖြစ်လာနိုင်တာကြောင့် ဘယ်လိုရောဂါမျိုးတွေဖြစ်တတ်လဲဆိုတာ အောက်မှာဆက်ပြီးဖတ်ကြည့်လိုက်ပါနော်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
အိပ်ရာခင်းတွေလို အဝတ်လျှော်စက်ထဲထည့်လျှော်လို့မရတဲ့အတွက် မွေ့ရာတွေကို သန့်ရှင်းအောင်လုပ်ဖို့မလွယ်ပါဘူး။ သက်တမ်းကြာလာတဲ့အခါ မွေ့ရာတွေက ဟောင်းနွမ်းလာပြီး ဓာတ်မတည့်မှုတွေ၊ ဖုန်မှုန့်တွေများစွာရှိလာနိုင်တာကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ နှာချေခြင်း၊ နှာခေါင်းယားယံခြင်းများ ဖြစ်စေနိုင်ပါတယ်။

အလက်ဂျစ်များ
မွေ့ရာတစ်ခုတည်းကို စွဲသုံးလာတဲ့အခါ မွေ့ရာပေါ်မှာရှိတဲ့ သာမာန်မျက်လုံးနဲ့မမြင်ရနိုင်တဲ့ ဘက်တီးရီးယားနဲ့ ဖုန်မှုန့်တွေကြောင့် ဓာတ်မတည့်မှုဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ယားယံခြင်းနှင့် အလက်ဂျစ်ထခြင်းများဖြစ်စေပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း
မွေ့ရာဟာ သက်တမ်းကြာလာတာနဲ့အမျှ အရည်အသွေးတွေကျဆင်းလာပြီး ဇိမ်ခံမှုအပြည့်အဝမပေးနိုင်တော့တာကြောင့် လုံလုံလောက်လောက်အိပ်မပျော်သလို ခံစားရပြီး ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။