ထမင်းစား စားပွဲဆိုတာ သာမန်ပရိဘောဂတစ်ခုထက်ကို ပိုပါတယ်။

Thu, May 23, 2024 11:12 AM | B2C Super Admin

ထမင်းစား စားပွဲဆိုတာ သာမန်ပရိဘောဂတစ်ခုထက်ကို ပိုပါတယ်။

အိမ်တစ်အိမ်ရဲ့ ထမင်းစားခန်းဆိုတာ သင့်မိသားစုဝင်တွေ၊ သင့်မိတ်ဆွေတွေနှင့် သင့်သူငယ်ချင်းတွေ အတူတူ စကားလက်ဆုံကျပြီး ထမင်းစားလို့ရသော နေရာလေး တစ်ခုပါ။ ဒါကြောင့် သင့်ထမင်းစားခန်းနှင့်လိုက်ဖက်တဲ့ ထမင်းစား စားပွဲလေးကို မှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ဖို့က အရေးကြီးပါတယ်။ ပြီးပြည့်စုံတဲ့ ထမင်းစား စားပွဲလေးကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်နော်။

သင့် ထမင်းစားခန်းရဲ့ အကျယ်ကို ဂရုစိုက်ပေးပါ။
ပထမဆုံး သတိထားသင့်တဲ့ အချက်ကတော့ သင့် ထမင်းစားခန်း ဘယ်လောက်ကျယ်လဲဆိုတာပါပဲ
ထမင်းစားခန်းက အရမ်းကျယ်နေပြီး ထမင်းစားပွဲက သေးနေတယ်ဆိုရင်လည်း ကြည့်လို့မလှသလို
ထမင်းစားပွဲ အကြီးကြီးက ထမင်းစားခန်းကျဉ်းကျဉ်းလေးမှာ နေရာယူထားတာကလည်း
မသင့်တော်ပါဘူး ဒါကြောင့် ထမင်းစားခန်းနဲ့ ထမင်းစားပွဲရဲ့ အရွယ်အစားကို ဂရုစိုက်ပေးသင့်ပါတယ်။


ဘာအတွက် အသုံးပြုမလဲဆိုတာ စဉ်းစားပေးပါ။
သင့် ထမင်းစားပွဲက မိသားစုလက်ဆုံထမင်းစားဖို့လား၊ ဧည့်သည်တွေကို ဧည့်ခံဖို့လားဆိုတဲ့ အချက်ကို မဝယ်ယူခင် စဉ်းစားသင့်ပါတယ်။ ဒီအချက်ဟာ ထမင်းစားပွဲကို ဝယ်ယူရာမှာ အရေးပါတဲ့ အချက်တစ်ခုဖြစ်လာပါလိမ့်မယ်။ အဝိုင်းပုံစံ ထမင်းစားပွဲကိုဝယ်ယူမှာလား လေးထောင့်ကျတဲ့ ဒီဇိုင်းနဲ့ ထမင်းစားပွဲကို ဝယ်ယူမှာလားဆိုတာ ထမင်းစားမယ့်သူ ဘယ်နှစ်ယောက်ရှိနိုင်မလဲဆိုတဲ့ အချက်နဲ့ စဉ်းစားထားမယ်ဆို အသင့်တော်ဆုံးဖြစ်မှာပါ။

ဘယ်လို ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်ဆိုတာလည်း စဉ်းစားပေးပါ။
ထမင်းစားပွဲနဲ့ ထိုင်ခုံတွေကို ဘယ်လိုပစ္စည်းတွေနဲ့ ပြုလုပ်ထားလဲဆိုတာကိုလည်း ဂရုစိုက်ပြီး ရွေးချယ်ပေးသင့်ပါတယ်။ ကျွန်းသား ဒါမှမဟုတ် သစ်အမာသားများဖြင့် ပြုလုပ်ထားသော ပစ္စည်းတွေကိုပဲ ရွေးချယ်ပြီး ဝယ်ယူသင့်ပါတယ်။ ဖန်သားနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေက လှပပေမယ့် ကျိူးကြေလွယ်တာကြောင့် ကလေးရှိတဲ့မိသားစုဆို ဂရုစိုက်ပေးသင့်ပါတယ်။

သက်တောင့်သက်သာြဖစ်စေတဲ့ ထမင်းစားပွဲမျိုးကိုပဲ ရွေးချယ်ဝယ်ယူပါ။
ထမင်းစားပွဲကို ရွေးချယ်တဲ့အခါမှာ သက်တောင့်သက်သာ ဘယ်လောက်ရှိမလဲဆိုတာကိုလည်း ထည့်သွင်းစ‌ဉ်းစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိဝယ်ယူလိုက်တဲ့ ထမင်းစားပွဲမှာပဲ နေ့တိုင်းထိုင်နေရမှာမလို့ပါ။ ဒါကြောင့် ဒီဇိုင်းဘယ်လောက် လှပနေ‌ပါစေ သင့်အတွက် သက်တောင့်သက်သာ မရှိဘူးဆိုရင် မရွေးချယ်သင့်ပါဘူး။