မိုးရာသီမှာ ဂရုပြုစရာ

Fri, Jul 7, 2023 9:43 AM | B2C Super Admin

မိုးရာသီမှာ ဂရုပြုစရာ

အခုလို 🌧 မိုးရာသီမှာ Healthy ဖြစ်​စေမဲ့ Life Style Tips ​များ

နွေအပူဒဏ်ကို ​ကျော်လွန်ပြီး မိုး​အေး​အေးနဲ့ ​ကွေးလို့​ကောင်းတဲ့ ရာသီဥတုကို ​ရောက်လာပြီ​ပေါ့ 📣

🤷 ဒါ​ပေမဲ့ မိုးနဲ့အတူ ရာသီတုပ်​ကွေး​တွေလည်း ပါလာတတ်လို့ ကြိုတင် ဂရုစိုက်ဖို့​တော့ လိုမယ်​နော်...
မိတ်​ဆွေတို့။ ဒီလို တုပ်​ကွေး​တွေကို ခံနိုင်ရည်ရှိဖို့ ကျန်းမာ​​ရေး နည်းလမ်း​ကောင်း​လေး​တွေကို တူတူ​​လေ့လာထားကြမယ်​လေ 😉

1. ​မိုးဦးကျ ရာသီမှာဆို ရောဂါအများစုက ​ရေက​နေ ဖြစ်တတ်တာမို့ သန့်စင်ထားတဲ့​ရေ / ကျိုချက်ထားတဲ့​ရေကိုသာ ​သောက်သုံးပါ။

2. လတ်ဆတ်မှု ၊ သန့်ရှင်းမှု အားနည်းတဲ့ Street Food / Junk Food ​တွေကို ​ရှောင်ကြမယ်​နော်။

3. အိမ်နားပတ်ဝန်းကျင်မှာ မစီးဆင်းတဲ့​​ရေ / ​ရေ​သေ​တွေရှိ​နေရင် ခြင်​တွေ အလွယ်တကူ ​ပေါက်ဖွားနိုင်လို့
​​သေချာ စနစ်တကျ စီးဆင်းနိုင်​အောင် လုပ်ပါ။

4. ရာသီ​ပေါ် သစ်သီး သစ်နှံ​တွေကို မစားသုံးမီ ​သေချာ ​ပြောင်စင်​အောင် ​ဆေး​ကြောပါ။

5. အိပ်​ရေး မမှန်တာ​တွေ ၊ ​ညဆို နောက်ကျတဲ့အထိ အလုပ်လုပ်တာ​တွေက ကျန်းမာ​ရေးထိခိုက်နိုင်လို့ အိပ်​ရေးဝဝ အိပ်ဖို့ လိုအပ်ပါတယ်။

6. မိုး​အေး​အေးနဲ့ ​ကွေး​ကောင်းတိုင်း မ​ကွေး​နေနဲ့​နော်။ ပုံမှန် Physical Exercise ​လေး​တွေကိုလည်း စနစ်တကျ လုပ်​ပေးဖို့ အ​ရေးကြီးပါတယ်။

7. လက်​ဆေးပါ ။ အစာစားပြီးတိုင်း / အစားမစားခင်တိုင်း လက်ကို ဆပ်ပြာနဲ့ သန့်စင်​အောင် ​ဆေးပါ။

8. မိုးမမိ​အောင် အထူးဂရုစိုက်ရပါမယ်။ အပြင်သွားတိုင်း မိုးကာ / ထီး ​တွေကို အမြဲ​ဆောင်သွားပါ။