Gas Stove လေးတွေ အသုံးပြုပြီးစားကောင်း သောက်ဖွယ်လေးတွေကို အချိန်မီချက်ပြုတ်ကြမယ်။

Fri, May 17, 2024 1:51 PM | B2C Super Admin

Gas Stove လေးတွေ အသုံးပြုပြီးစားကောင်း သောက်ဖွယ်လေးတွေကို အချိန်မီချက်ပြုတ်ကြမယ်။

အခုနောက်ပိုင်း အချက်အပြုတ်ဝါသနာအိုးများကြားမှာ Gas Stove အသုံးပြုခြင်းကရေပန်းစားလာပါတယ်။ ဒါကြောင့် Gas Stove သုံးရခြင်း အကျိုးကျေးဇူးတွေကဘာလဲ ဆိုတာတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

မီးအပူချိန်ကို ထိန်းညှိနိုင်ခြင်း
အစားအသောက်တစ်ခုခုကို ချက်ပြုတ်တော့မည်ဆိုရင် မီးအပူချိန်ကို ထိန်းညှိနိုင်ဖို့ကအရေးကြီးဆုံးပါ။
Gas Stove အသုံးပြုခြင်းက မီးနွေးနွေးနဲ့ပဲ ကြော်ကြော် ပွက်ပွက်ဆူနေတဲ့ ဆီပူအိုးအဖြစ်ပဲပြောင်းပြောင်း အလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်။

အချိန်ကုန်သက်သာခြင်း
ပုံမှန်ချက်ပြုတ်နေကြမီးဖိုတွေနဲ့ဆို ရေနွေးအိုးတည်တာတောင် မိနစ် (၂၀) ကြာနိုင်ပြီး Gas Stove နဲ့ဆို အလွန်ဆုံး (၁၀) မိနစ်လောက်ပဲ ကြာနိုင်တော့တဲ့အတွက်ကြောင့် ဟင်းပွဲများများစားစား ချက်ရမယ့်အချိန်တွေမှာဆို မြန်မြန်ဆန်ဆန်ချက်ပြုတ်နိုင်ပါတယ်။

သန်ရှင်းရေးလုပ်ရန်လွယ်ကူခြင်း
Gas Stove အများစုက သံမဏိအသားများဖြင့် ပြုလုပ်ထားပြီး ချက်ပြုတ်တဲ့အခါမှာ ဘယ်လောက်ပဲညစ်ပါတ်သွားပါစေ ရေပတ်ဝတ်လေးနဲ့ အလွယ်တကူသုတ်လိုက်လို့ရပါတယ်။

အိုးမရွေးခြင်း
အချို့မီးဖိုတွေက ဒယ်အိုးအမျိုးအစားရွေးပင်မယ့် Gas Stove မှာဆိုရင် ဘယ် Pot ပဲလာလာ၊ ဘယ်လို Pan မျိုးနဲ့ပဲကြော်ကြော် အိုးအမျိုးအစားမရွေးတဲ့အတွက် ခေါင်းစားစရာမလိုတော့ပါဘူး။