Fri, Jul 7, 2023 10:08 AM | B2C Super Admin
Feng Shui ပညာအရ လာဘ်ကောင်းစေမဲ့ မီးဖို ချောင်လေး တစ်ခု ဖန်တီးမယ်ဆိုရင် ဒီလို အချက်လေးတွေကို ရှောင်ရမယ်နော်
1. မီးဖိုချောင်မှာ မှန်တွေ🪞 ၊ ဓါးတွေကို ချိတ်ဆွဲထားခြင်း 🔪
-မှန်ကနေတဆင့် မီးဖိုကို မြင်နေရတဲ့အခါ အိမ်သားတွေအတွက် မီးဘေးအန္တရာယ်ဖြစ်စေတာမျိုး၊ အပူအပင်တွေ များစေတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။
- အသားလှီးဓါး / အသီးလှီးဓါး တွေကိုလည်းနံရံမှာ ချိတ်ဆွဲမထားဘဲ အံဆွဲတွေထဲကို ထည့်သိမ်းထား
ရပါမယ်။
-ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ ငရုတ်ကောင်း စတာတွေဟာ မကောင်းတဲ့ဓါတ်တွေကို စုပ်ယူထားတတ်လို့ မီးဖိုချောင်ထဲမှာ ချိတ်ဆွဲထားတာမျိုး မလုပ်သင့်ပါဘူး။
2. Main Door နဲ့ Kitchen Door တိုက်ရိုက်ဖြစ်နေခြင်း / Kitchen Door နဲ့ မီးဖို တစ်တန်းတည်း ရှိနေခြင်း 🚪
( ရှေးအဆိုအရ စီးပွားရေးကံ ၊ ကျန်းမာရေးကံတွေကို ညံ့စေတတ်ပြီး အိမ်သားတွေအတွက် ကံဆိုးမှုတွေကို ဖြစ်စေနိုင်ပါတယ် )
- မီးဖိုက toilet နဲ့ တိုက်ရိုက်မျက်နှာချင်းဆိုင်ဖြစ်နေခြင်း🚽
( မီးဖိုဆိုတာ Feng Shui ပညာအရ ကံကောင်းစေတဲ့ အရာ ဖြစ်လို့ toilet နဲ့ မျက်နှာချင်းဆိုင် ဖြစ်နေရင် မကောင်းတဲ့ ဓါတ်တွေ စုပ်ယူသွားနိုင်ပါတယ် )
3. ရေခဲသေတ္တာတွေ / ဆန်အိုး တွေထဲမှာ ဘာမှမရှိဘဲ ဗလာထားရှိခြင်း 🙅
( စားဝတ်နေရေးအတွက် အရေးပါတဲ့ ပစ္စည်းတွေ ဖြစ်လို့ ဗလာအတိုင်း ထားရင် မိသားစု စားဝတ်နေရေးကို ခက်ခဲစေနိုင်ပါတယ် )
4. မီးဖိုချောင်နဲ့ သန့်စင်ခန်းကို ဆက်ထားခြင်း 🧏
-အခုခေတ် အိမ်ဒီဇိုင်းတွေအများစုဟာ မီးဖိုချောင်နဲ့ toilet တိုက်ရိုက်ဆက်ထားတာတွေ များပါတယ်။ ဒါပေမဲ့ Feng Shui အရ မီးဖိုချောင်ကို ဖြတ်ပြီး သန့်စင်ခန်းကို သွားခြင်းက ကံမကောင်းစေတတ်ပါဘူး။
5. မီးဖိုချောင်ရဲ့ ကြမ်းပြင်က တခြားအခန်းတွေရဲ့ကြမ်းပြင်ထက်ပိုမြင့်နေခြင်း 🤷
- အဲလိုမြင့်နေခြင်းက အိမ်သားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး တကယ်လို့ မြင့်မြင့် ဆောက်ချင်ရင် မီးဖိုချောင် တံခါးဝ အပေါက်အောက်မှာ တံခါးဘောင်တစ်ခု ထားသင့်ပါတယ်။
6. မီးဖိုရဲ့ အထက်မှာ အုတ်တန်းတွေရှိနေခြင်း🧏♂️
- အုတ်တန်းတွေရှိနေခြင်းက အိမ်သားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
7. မီးဖိုက လက်ဆေးကန် ၊ Kitchen door တို့နဲ့ နီးကပ်နေခြင်း🙅♂️
- အနည်းဆုံး မီးဖို နဲ့ Kitchen door ကို 2 m အကွာလောက်မှာ ထားသင့်ပါတယ်။
8. မီးဖိုချောင်အခန်းရဲ့ အရောင်က မှောင်နေခြင်း ၊ အရောင်ရင့်နေခြင်း 🤷♂️
မီးဖိုချောင်နံရံကို ရင့်တဲ့အရောင်တွေထက် အဖြူရောင် ၊ ဆင်စွယ်ရောင် စတဲ့ လင်းတဲ့အရောင်တွေ ပြင်ဆင်သင့်ပါတယ်။
‼️ဒီလို အချက်လေးတွေကို သေချာဂရုစိုက်ပြီး ပြင်ဆင် ဆောက်လုပ်ထားတဲ့ Feng Shui ညီညွတ်တဲ့ မီးဖိုချောင်လေးက ကောင်းမွန်တဲ့ ချီဓါတ်တွေကို စုဆောင်းပေးမှာပါ 💯