Mon, Apr 8, 2024 9:36 AM | B2C Super Admin
တစ်ချို့သောအိမ်မက်တွေက အနာဂါတ်မှာသင်ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ပြောပြနေတတ်ပါတယ်။ ဒါကြောင့်အိမ်မက်တွေရဲ့ အဓိပ္ပါယ်ကိုနားလည်နိုင်ရင်တော့ သင်ဟာသင့်အနာဂါတ်အတွက်ကြိုတင်ပြင်ဆင်ထားနိုင်မှာပဲဖြစ်ပါတယ်။
အိမ်မက်တွေတစ်ခုချင်းစီတိုင်းမှာ ကိုယ်ပိုင်အဓိပ္ပာယ်လေးတွေရှိတတ်ကြပါတယ်။ လူတစ်ယောက်ဟာ တစ်ညကို အိမ်မက် (၅) ခုမက်လေ့ရှိကြပြီး လူတစ်ဉီးချင်းစီရဲ့ အမူအကျင့်တွေ၊ အတွေးအခေါ်တွေပေါ်ကိုမူတည်ပြီး အိမ်မက်တွေက ကွဲပြားသွားလေ့ရှိတယ်လို့ အိမ်မက်နဲ့ပက်သက်တဲ့သုတေသနပညာရှင်တွေက မှတ်ချက်ချကြပါတယ်။ ဒီနေ့တော့ Sweety Home ရဲ့ Dream Pillow လေးတွေနဲ့အတူ အိမ်မက်နမိတ်ကောက်ကြည့်လိုက်ကြရအောင်နော်...
(၁) အသက်ဆုံးရှုံးခြင်း
မိမိကိုယ်တိုင် (သို့မဟုတ်) ချစ်ရသူတစ်ယောက်ယောက် အသက်ဆုံးရှုံးရတယ်လို့ မြင်မက်မိရင်တော့ ကောင်းတာဖြစ်တော့မယ့်လက္ခဏာပါပဲတဲ့။ ပညာရေး၊ စားဝတ်နေရေး၊ အချစ်ရေးတစ်ခုခုမှာ ကြီးမားတဲ့အချိုးအကွေ့တစ်ခုခုဖြစ်တော့မယ့်သဘောပါပဲ။
(၂) ကိုယ်ဝန်ဆောင်ရခြင်း
အမျိုးသမီးအများစုအတွက် ထိတ်လန့်စရာအိမ်မက်တစ်ခုပါပဲ။ ကိုယ်ဝန်လိုချင်တဲ့အိမ်ရှင်မများမြင်မက်ရင်တော့ စောင့်နေစရာမလိုတော့ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး အခြားသူများအတွက်ဆိုရင်တော့ အလုပ်အသစ်၊ ကျောင်းအသစ်စတဲ့ ကြီးကြီးမားမားပြောင်းလဲမှုတစ်ခုဖြစ်တော့မယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။
(၃) အရှက်ဗလာဖြစ်သွားခြင်း
အိမ်မက်ထဲမှာ အရှက်ဗလာဖြစ်သွားရတာမျိုးက မကောင်းတဲ့အဓိပ္ပာယ်မျိုးလုံးဝမဟုတ်ရပါဘူးတဲ့။ သင့်ကိုယ်သင်ယုံကြည်မှုရှိလာတဲ့အချိန်၊ ကိုယ့်ကိုယ်ကိုနားအလည်နိုင်ဆုံးအချိန်တွေမှာ မက်လေ့ရှိတဲ့အိမ်မက်မျိုးဖြစ်လို့ ပိုကောင်းတဲ့ရလဒ်တွေရဲ့ နမိတ်ပုံရိပ်တစ်ခုပါပဲ။
(၄) သွားများကျွတ်ကျလာခြင်း
ကြောက်စရာအိမ်မက်ဆိုးတစ်ခုလို့ထင်စရာရှိပြီး အမက်များဆုံးအိမ်မက်တစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအားနည်းသူတွေ၊ ရုပ်ဆင်းအင်္ဂါနဲ့ပက်သက်ပြီး အလိုမကျဖြစ်တတ်သူတွေမှာ အမက်များပြီး ကောင်းမွန်တဲ့ပြောင်းလဲခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းရဲ့ အမှတ်သင်္ကေတတစ်ခုလို့ယုံကြည်ထားကြပါတယ်။
(၅) နတ်သမီး/ နတ်သားတစ်ဖက်ငါးရာနဲ့ ပျော်ပါးရခြင်း
ဒီအိမ်မက်လေးကတော့ ကောင်းလားဆိုးလားပြောနေစရာတောင်မလိုတော့ဘူးထင်ပါတယ်နော်။ လူတိုင်းမက်လေ့ရှိတဲ့အိမ်မက်မျိုးမဟုတ်ပဲ Sweety Home ရဲ့ Dream Pillow ဝယ်ယူထားသူများသာ မက်နိုင်မယ့် Premium Dream လေးပဲဖြစ်ပါတယ်။