အိပ်ရင်းကျောမပူအောင်ဘယ်လိုအိပ်ရမလဲ။

Mon, Apr 8, 2024 1:25 PM | B2C Super Admin

အိပ်ရင်းကျောမပူအောင်ဘယ်လိုအိပ်ရမလဲ။

ပန်ကာလဲမလို၊ အဲယားကွန်းလဲဖွင့်စရာမလိုပဲ သဘာဝအတိုင်းအေးမြတဲ့အထိအတွေ့နဲ့ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့အတွက် ဒီနည်းလမ်းလေးတွေကိုလိုက်လုပ်ကြည့်လိုက်ပါ။

အခုလိုပူလောင်အိုက်စပ်တဲ့ကာလတွေမှာ ညဘက်ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ပန်ကာတွေ၊ အဲယားကွန်းတွေဖွင့်ပြန်ရင်လည်း ကိုယ်လက်တွေကိုက်ခဲပြီး မနက်နိုးလာရင် မအီမသာခံစားလာရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အဲယားကွန်းလည်းမလို၊ ပန်ကာလည်းမလို အိပ်ရင်းကျောပူခြင်းမှကင်းဝေးပြီး သဘာဝအတိုင်းအေးမြတဲ့အထိအတွေ့နဲ့ ကောင်းမွန်စွာအိပ်စက်နည်းတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

မအိပ်ခင်ရေချိုးပါ။
ခန္ဓာကိုယ်အပူချိန်ကျဆင်းဖို့အတွက်ဆို အကောင်းဆုံးနည်းလမ်းကတော့ ရေချိုးလိုက်ခြင်းပါပဲ။ ရေချိုးခြင်းဖြင့် တကိုယ်လုံးမှာရှိတဲ့ အပူခိုးငွေ့တွေ ပျောက်ကင်းသွားစေပြီး သင့်ကိုအေးမြမှုတွေပေးစွမ်းနိုင်ပါတယ်။

ပြတင်းပေါက်ဖွင့်အိပ်ပါ။
ပြင်ပအပူချိန်က သင့်အခန်းတွင်းအပူချိန်ထက် ကျဆင်းနေတယ်ဆိုရင်တော့ သင့်အနေနဲ့ပြတင်းပေါက် ဖွင့်အိပ်သင့်ပါပြီ။ ညလေအေးတွေက သင်၏အခန်းအပူချိန်ကို လျှော့ချပေးပါလိမ့်မယ်။

ရေများများသောက်ပါ။
ရေသောက်ခြင်းက ကျန်းမာရေးအတွက်အထူးသင့်တော်သလို ချွေးထွက်ခြင်းကြောင့် ကုန်ဆုံးသွားသော ရေဓာတ်များကိုပြန်လည်ဖြည့်တင်းပေးပါတယ်။ အိပ်ခါနီးတော့ရေအများကြီးမသောက်မိစေနဲ့နော်။ အိပ်ခါနီးရေအများကြီးသောက်ခြင်းကလဲ အိပ်စက်ခြင်းကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

မီးပိတ်အိပ်ပါ။
စစ်တမ်းများအရ မီးပိတ်အိပ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် အထောက်အကူပြုသလို အခန်းတွင်းအပူချိန်ကိုလည်း လျော့ကျစေပါတယ်။

Sweety Home Bamboo Mat သုံးပါ။
Sweety Home Bamboo Mat တွေက အရည်အသွေးကောင်းမွန်ပြီး ပိုးသတ်ထားတဲ့အတွက်ကြောင့် သာမန်သင်ဖြူးဖျာတွေလို ပိုးစားတာ၊ ဖွာထွက်တာမျိုးတွေ လုံးဝလုံးဝမရှိတဲ့အပြင် ချုပ်ရိုးချုပ်သားကအစ သေသပ်ခိုင်ခံလွန်းပါတယ်။ ဒါကြောင့် Sweety Home Bamboo Mat နဲ့ဆို ပူလောင်အိုက်စပ်တဲ့ညတွေကို ကျော်ြဖတ်နိုင်မှာ အသေအချာပါပဲ။