Fri, Aug 9, 2024 4:23 PM | B2C Super Admin
ဒီ လက္ခဏာရပ်တွေကို ရှောင်ကြဉ်ပြီး သင့်ဘဝထဲကို ဝင်ရောက်လာနိုင်တဲ့ ကံဆိုးမှုတွေကို ကာကွယ်လိုက်ပါ။
(1) ခြောက်သွေ့နေတဲ့ သစ်ပင်တွေနဲ့ အပင်သေများ
Indoor Plant တွေဟာ သင့်အိမ်တွင်းက လေထုကို သန့်စင်ပေးပြီး ကောင်းမွန်တဲ့ စွမ်းအင်တွေကို
သယ်ဆောင်လာနိုင်ပေမယ့် ခြောက်သွေ့နေတဲ့ အပင်သေတွေကတော့ သင့်အိမ်က
ကံကောင်းစေတဲ့ ချီဓာတ်စွမ်းအင်တွေကို စုပ်ယူနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(2) ပျက်စီးနေတဲ့ အသုံးအဆောင် ပစ္စည်းများ
ပျက်စီးနေတဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ သင့်အိမ်ရဲ့ အပြင်အဆင်ကိုပါ သရုပ်ပျက်စေသလို
မကောင်းတဲ့ စွမ်းအင်တွေကိုပါ သင့်အိမ်ထဲကို ဖိတ်ခေါ်သလို ဖြစ်နေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(3) အိပ်ခန်းထဲက မှန်တစ်ချပ်
အိပ်ခန်းထဲမှာ မှန်တစ်ချပ်ကို ထားတာက ကောင်းမွန်တဲ့စွမ်းအင်တွေကော မကောင်းတဲ့ စွမ်းအင်တွေကိုပါ ရောသွားစေပြီး သင့်အိပ်စက်မှုကိုပါ အနှောက်အယှက်ဖြစ်နေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(4) ပန်းအိုးအလွတ်တစ်လုံး
ပန်းအပြည့်နဲ့ ပန်းအိုးတွေကို အိမ်ထဲမှာ အလှဆင်ထားတာက ကောင်းမွန်ပေမယ့်
ရေအပြည့်နဲ့ ပန်းအိုးအလွတ် တစ်လုံးကတော့ အထီးကျန်ခြင်းကို ကိုယ်စားပြုပြီး သင့်အတွက် ကံဆိုးမှုတွေကို ယူဆောင်လာနိုင်ပါတယ်။