မိုးရွာချိန်တွင် ပြုလုပ်ပေးသင့်သော ဖုန်းရွှေအလေ့အထများ...

Tue, Jul 23, 2024 3:54 PM | B2C Super Admin

မိုးရွာချိန်တွင် ပြုလုပ်ပေးသင့်သော ဖုန်းရွှေအလေ့အထများ...

မိုးသည်းချိန်ကို ကော်ဖီပူပူလေး တစ်ခွက်လောက်သောက်ပြီးဖြတ်သန်းရတာဟာ ဘာနဲ့မှမလဲနိုင်တဲ့ လောက နိဗ္ဗာန်တစ်ခုပါ။ ဒါပေမယ့် မိုးရွာချိန်မှာ သင့်နေအိမ်မှာ စွမ်းအင်စီးဆင်းမှုအားကောင်းစေဖို့အတွက် ပြုလုပ်ပေးသင့်တဲ့ အလေ့အထတွေရှိပါတယ်။ သင့်အိမ်တွင်းစွမ်းအင်စီးဆင်မှု အားကောင်းပြီးကံကောင်းမှုတွေဝင်ရောက်လာစေဖို့ ဘယ်လိုအလေ့အထတွေကို ပြုလုပ်သင့်လဲဆိုတာကို ဝေမျှပေးပါ့မယ်။

၁).ပြတင်းပေါက်တွေကိုဖွင့်ထားပေးပါ။
မိုးရွာချိန်မှာပြတင်းပေါက်တွေကိုဖွင့်ထားခြင်းအားဖြင့် ကောင်းမွန်တဲ့စွမ်းအင်တွေ
သင့်အိမ်ခန်းထဲ ဝင်ရောက်လာနိုင်ပြီး ကံကောင်းမှုနှင့်ကြွယ်ဝမှုတွေကို ယူဆောင်လာနိုင်ပါတယ်။

၂). သီချင်းအေးအေးလေးတွေ နားထောင်ပေးပါ
သီချင်းအေးအေးလေးတွေ နားထောင်ခြင်းဖြင့် ညစ်ညမ်းတဲ့ စွမ်းအင်တွေကို
သန့်စင်ပစ်နိုင်ပြီး စွမ်းအင်အသစ်တွေကို သယ်ယူလာပေးနိုင်ပါတယ်။

၃). တရားထိုင်ပေးပါ
မိုးရွာချိန်မှာ တရားထိုင်ခြင်းဖြင့် သင့်စိတ်စွမ်းအင်ကို အမြင့်ဆုံးအထိ ရောက်စေနိုင်ပြီး
ကျန်းမာတဲ့ စိတ်အခြေအနေတစ်ခုကို ပိုင်ဆိုင်စေမှာပါ။