လိုက်ကာတွေကို အိမ်မှာ ကိုယ်တိုင်တိုင်းတာပြီး တပ်ဆင်နိုင်ဖို့….

Mon, May 20, 2024 1:32 PM | B2C Super Admin

လိုက်ကာတွေကို အိမ်မှာ ကိုယ်တိုင်တိုင်းတာပြီး တပ်ဆင်နိုင်ဖို့….

လိုက်ကာတွေကလည်း အိမ်တစ်အိမ်ကို အလှဆင်တဲ့နေရာမှာ အသုံးဝင်တဲ့အတွက် လိုက်ကာ ကိုယ်တိုင်တပ်တော့မယ်ဆို ပြတင်းပေါက် အရွယ်အစား ကြီးကြီး၊သေးသေး မှန်ကန်စွာ တိုင်းတာနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ်တိုင်ဘယ်လိုတိုင်းတာရမလဲဆိုတာကို ပုံလေးထဲမှာ ဖော်ပြပေးထားပါတယ်နော်။

အကျယ်ကို တိုင်းတာနည်း
ပြတင်းပေါက်ဘောင် တစ်ဖက်မှ နောက်တစ်ဖက်ထိ တိုင်းတာပြီး ဘောင်ကိုကျော်လွန်လိုပါက အပိုအကျယ်ကို ဘေးတစ်ဖက်စီရဲ့ ၄ လက်မ မှ ၈ လက်မထိ ပိုတိုင်းပါ။

အရှည်ကို တိုင်းတာနည်း
လိုက်ကာအတိုများအတွက် ပြတင်းပေါက်ထိပ်မှ အောက်အထိ တိုင်းတာပြီး လုံးလုံးလျားလျား ဖုံးအုပ်ရန်အတွက် ၁ လက်မ မှ ၂ လက်မခန့် ပိုတိုင်းပေးပါ။

လိုက်ကာအရှည်များအတွက် ပြတင်းပေါက်ထိပ်မှ အောက်ကြမ်းပြင်အထက် ၁ လက်မခန့်ထိ ခပ်ခွါခွါထားတိုင်းပါ။

လိုက်ကာတွေကို အဖွင့်၊ အပိတ်လုပ်တဲ့အခါ လိုက်ကာစ ထိခိုက်မှုနည်းအောင်၊ ကြော့ကြော့မော့မော့ ပုံစံလေးဖြစ်နေအောင် ပြတင်းပေါက်အကျယ်ထက် နှစ်ဆ၊သုံးဆ ပိုကျယ်တဲ့လိုက်ကာတွေကို ရွေးချယ်နိုင်ပါတယ်။ ကိုယ့်ပြတင်းပေါက်နဲ့ အသင့်တော်ဆုံး လိုက်ကာဝယ်ယူဖို့ အတိုင်းအတာတွေကို ကြည့်ပြီး Sale Consultant တွေနဲ့ သေချာတိုင်ပင်ဖို့လည်း လိုအပ်ပါတယ်နော်။