မိုးရာသီမရောက်ခင်မှာ ဒါလေးတွေကြိုတင်ပြင်ဆင်ထားကြဖို့မမေ့နဲ့နော်။

Fri, Apr 12, 2024 1:43 PM | B2C Super Admin

မိုးရာသီမရောက်ခင်မှာ ဒါလေးတွေကြိုတင်ပြင်ဆင်ထားကြဖို့မမေ့နဲ့နော်။

မိုးရာသီရောက်လာရင် နွေရာသီက အပူတွေ လျော့သွားတယ် ဆိုပေမယ့် မိုးရာသီမှာ ပြဿနာတွေ အများကြီး ရှိတယ်ဆိုတာကိုလည်း ငြင်းလို့ မရပါဘူး။ အဲ့ဒီ ပြဿနာတွေထဲက တစ်ခုကတော့ မိုးရာသီမှာ အိမ်တွင်း ထိန်းသိမ်းရတာပဲ ဖြစ်ပါတယ်။

ဒီနေ့တော့ နွေရာသီအကုန်မိုးရာသီအကူးမှာအိမ်တွင်းထိန်းသိမ်းမှု ဘယ်လို လုပ်ရမလဲဆိုတာကို မျှဝေပေးပါရစေ။

ရေယိုပေါက်တွေ အက်ကွဲကြောင်းတွေကို ဂရုစိုက်ပေးပါ။
မိုးရာသီမစခင်မှာ အိမ်ခေါင်မိုးက ရေယိုပေါက်တွေ ရေစိမ့်ပေါက်တွေကို သေချာ စစ်ဆေးပြီး ပြုပြင်စရာ ရှိတာကို ကြိုတင် ပြုပြင်ထားတာ အကောင်းဆုံးပါပဲ။

ရေပိုက်ပိတ်တာတွေကို ပြင်ပေးပါ။
တစ်နွေလုံးကျခဲ့တဲ့အမှိုက်တွေက မိုးရာသီရောက်ပြီဆိုတာနဲ့ ရေပိုက်ပိတ်တာဆိုတာ အမြဲ ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် အိမ်ထဲက ရေပိုက်တွေ ပိတ်မနေအောင် ကြိုတင်စစ်ဆေးထားသင့်ပါတယ်။

ဂရုစိုက်စရာ လျှပ်စစ် ပြဿနာများ။
စိုစွတ်နေတဲ့ နံရံတွေကြောင့် လျှပ်စစ်ရှော့ ဆိုတာ မိုးရာသီမှာ ပိုပြီး ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ကျွမ်းကျင်တဲ့ မီးပြင်ဆရာကို ခေါ်ပြီး ဓာတ်ကြိုးတွေ မီးကြိုးတွေကို စစ်ဆေးထားသင့်ပါတယ်။

လေဝင်လေထွက်ကောင်းအောင် လုပ်ပေးပါ။
မိုးရာသီမှာ စိုထိုင်းမှုကြောင့် အနံ့အသက်ဆိုးတွေ နေရာတိုင်းက ထွက်တတ်ပါတယ်။ အဲ့ဒါကြောင့် လေဝင်လေထွက် ကောင်းအောင် ပြတင်းပေါက်တွေကို ဖွင့်ပေးထားသင့်ပါတယ်။

မိုးရာသီမှာ အိမ်တွင်းပြဿနာတွေ ဖြစ်တတ်တယ်ဆိုပေမယ့် ဒီအချက်တွေကို ဂရုစိုက်ပေးမယ်ဆိုရင်တော့ အားလုံးရဲ့ အိမ်တွင်း ပြဿနာတွေ ကင်းရှင်းသွားမှာ အသေအချာပါပဲ။