Fri, Jul 7, 2023 10:14 AM | B2C Super Admin
🏡ကိုယ့်မိသားစုအိမ်လေးအတွက် Feng Shui Style Living room လေး ဘယ်လို ပြင်ဆင်ကြမလဲ
1. ကံကောင်းခြင်းတွေကို ဖန်တီးပေးမဲ့ ပန်းချီကားလေးတွေနဲ့ ဧည့်ခန်းကို အလှဆင်မယ်။
- နွေဦးမှာ ပန်းတွေပွင့်နေတဲ့ ရှုခင်းပုံတွေ ၊ တောတောင် ၊ ရေတံခွန် ၊ တရုတ် နှင်းဆီပန်းပွင့်ပုံ ၊ ကျေးငှက်ပုံလေးတွေပါတဲ့ ပန်းချီကားတွေ ချိတ်ဆွဲလို့ရသလို၊
- မိသားစုရဲ့ အကြီးအကဲ ၊ အိမ်ထောင်ဦးစီးရဲ့ ရာသီခွင်အလိုက် လာဘ်ကောင်းစေမဲ့ အကောင်ပါတဲ့ ပုံတွေလည်း ထားရှိလို့ ရပါတယ်။ ( ဥပမာ - ကြွက်နှစ်ဖွားတွေအတွက်ဆို နဂါး ၊ မျောက် ၊ နွား
စတဲ့ အကောင်တွေပါတဲ့ ပန်းချီကားတွေ.... )
ပုံ ( ၂ ) ဇယားတွင်ပြထားသည့်အတိုင်း မိမိရာသီခွင်အလိုက် ကံကောင်းစေမဲ့ အကောင်အမျိုးအစားတွေကို ဖတ်ရှုနိုင်ပါတယ်။
2. ဧည့်ခန်းအတွင်း ၊ အပြင် နဲ့ ဝရံတာ တွေမှာ ဆူးပါတဲ့ အပင်တွေ ၊ နွယ်ပင်တွေ ၊ ပန်းခြောက်တွေ ၊ ပန်းအတုပင်တွေ မထားရပါဘူး👉 အဲလိုထားခြင်းအားဖြင့် အိမ်သားအချင်းချင်း မစစ်မှန်တဲ့ စိတ်ထားတွေ ဖြစ်ပေါ်စေတတ်ပါတယ်။
💯Lucky ကောင်းစေမဲ့ စိမ်းလန်းစိုပြေတဲ့ အပင်တွေ ၊ အနံ့မွှေးပျံ့တဲ့ အပင်တွေ ၊ အရွက်ဝိုင်းဝိုင်းရှိတဲ့ အပင်တွေ ၊ လီလီပန်းပင် ၊ သစ်ခွပင် ၊ ရေမွှေးပန်းပင်၊ ရွှေပန်း / ငွေပန်းပင် ၊ နှစ်ရှည် ဝါးပင်တွေကို စိုက်ပျိုး သင့်ပါတယ်📣
📣ဒီလို Feng Shui အပြင်အဆင် ၊ အနေအထားတွေနဲ့ ဧည့်ခန်းလေးတစ်ခုက မိသားစုအိမ်လေးကို ပိုမို လှပတင့်တယ်စေမှာပါ။