မုတ်သုံရာသီဝယ် ပရိဘောဂလေးတွေကို ဒီလိုဂရုစိုက်ကြမယ်။

Tue, Jul 16, 2024 3:14 PM | B2C Super Admin

မုတ်သုံရာသီဝယ် ပရိဘောဂလေးတွေကို ဒီလိုဂရုစိုက်ကြမယ်။

ဘယ်လောက်ပဲ အရည်အသွေးကောင်းကောင်း အခုလိုမိုးရာသီမှာ ပရိဘောဂတွေကို အသေအချာမထိန်းသိမ်းရင် ပျက်စီးလွယ်ပါတယ်နော်။ ဒီနည်းလမ်းတွေကို အိမ်မှာကျင့်သုံးပြီး မိုးကြောင့် ပရိဘောဂတွေ အလွယ်တကူဆွေးမြေ့သွားတဲ့ စိန်ခေါ်မှုကနေ အတူတူကျော်လွှားလိုက်ကြရအောင်။

(၁) မိုးမများခင် မျက်နှာကျက်နဲ့ နံရံတွေကို ပြုပြင်ပြီး ရေစိုခံဆေးတွေသုတ်မယ်။
အခန်းတွင်း မိုးရေယိုတာက စိတ်ရှုပ်ဖို့ကောင်းသလို ပရိဘောဂတွေအပေါ် ရေကျရင်လည်း ပျက်စီးလွယ်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်က မိုးရေယိုတတ်တယ်ဆိုရင် မိုးမများခင်မှာ အမြန်ဆုံးပြုပြင်ပြီး ရေစိုခံဆေးသုတ်ပေးနော်။

(၂) ပြတင်းပေါက်နဲ့ ဝေးဝေးထားမယ်။
ပရိဘောဂတွေကို ပြတင်းပေါက်နဲ့ဝေးဝေးထားခြင်းက မိုးသည်းကြီးမည်းကြီးရွာတဲ့အခါ၊ မိုးပက်တဲ့အခါမှာ ပရိဘောဂတွေရေမစိုအောင် ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

(၃) ပရုပ်လုံးတွေသုံးမယ်။
ပရုပ်လုံးက အနံ့ဆိုးဘက်တီးရီယားတွေကို ဖျောက်ပေးနိုင်တဲ့အပြင် အခန်းတွင်းအစိုဓာတ်ကို စုပ်ယူနိုင်လို့ ပရိဘောဂတွေ အနံ့ဆိုးထွက်ပြီး ပျက်စီးခြင်းကနေ ကင်းဝေးစေပါတယ်။

(၄) ပရိဘောဂတွေကို အရောင်တင်မယ်။
ပရိဘောဂအရောင်တင်မယ်ဆို တံခါးတွေကိုလည်း အရောင်တင်သင့်တယ်နော် Sweety တို့ရေ။ အရောင်တင်လိုက်ခြင်းက ပရိဘောဂတွေရဲ့အပေါ်မှာ Layer တစ်ခုလိုဖြစ်သွားစေပြီး အက်ရာ ကွဲရာတွေမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။