Tue, Jul 16, 2024 2:51 PM | Saung Htet Aung
အခန်းကျဉ်းလို့ အခန်းပစ္စည်းနေရာချရခက်နေပြီလား? ဒါတွေက အခန်းပစ္စည်းရွေးချယ်မှုနဲ့ အများကြီးသက်ဆိုင်ပါတယ်။ အခန်းပစ္စည်းရွေးချယ်တဲ့အခါမှာ ဒီနည်းလမ်းတွေနဲ့သုံးပြီး ကိုယ့်အခန်း Space ကို ကျယ်အောင် လုပ်လို့ရပါပြီ။
(၁) Multifunctional Furniture သုံးပါ။
ကုတင်က အခန်းထဲမှာ နေရာအယူဆုံး ပရိဘောဂပစ္စည်းပါ။ ဒါကြောင့် ကုတင်အောက်ခြေမှာ အဝတ်တွေ၊ ဖိနပ်တွေ ထည့်လို့ရမယ့် အံဆွဲပါတဲ့ ကုတင်တွေသုံးတာ၊ ဆိုဖာရော ကုတင်ပါ နှစ်မျိုးသုံးလို့ရမယ့် Circle Sofa မျိုးတွေသုံးတာက အခန်းကျဉ်းအတွက် ပိုသင့်တော်ပါတယ်။
(၂) နံရံကပ်စင်ထားပါ။
နံရံကပ်စင်ထားခြင်းက အခန်းတွင်းအလှအဆင်တဲ့နေရာမှာ အသုံးဝင်သလို ကိုယ် အသုံးပြုနေတဲ့ လက်ကိုင်အိတ်လေးတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို စီစီရီရီ တင်ထားလို့ရပါသေးတယ်။ ဒီလိုဆို ဗီရိုမလိုတော့လို့ Space ပိုကျယ်စေတယ်နော်။
(၃) အရောင်နုကိုရွေးချယ်ပါ။
လေဝင်လေထွက်ကောင်းပြီး အခန်းကျယ်သယောင်ဖြစ်စေတာက အရောင်တွေနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ ဒါကြောင့် အခန်းဆေးသုတ်တဲ့အခါနဲ့ လိုက်ကာအရောင်ရွေးချယ်တဲ့အခါမှာ အရောင်နုတွေကိုပဲရွေးဖို့ အကြံပေးပါရစေ။