Wed, Jul 17, 2024 10:45 AM | B2C Super Admin
အပြင်သွားတိုင်း ရှုပ်ပွ ကျန်နေတတ်တဲ့ အဝတ်ဘီဒိုကို သန့်ရှင်းသပ်ရပ်နေအောင် ဘယ်လို ရှင်းလင်းထားသင့်သလဲဆိုတာကို မိတ်ဆွေအတွက် မျှဝေပေးလိုက်ပါတယ်။
(၁) အဝတ်တွေကို အမျိုးအစားလိုက်ခွဲထားပေးပါ။
အိမ်နေရင်းအဝတ်၊ ပေါ့ပေါ့ပါးပါးဝတ်လိုရသောအဝတ်၊ အနွေးထည်များ၊ ပွဲတက်အဝတ်များ၊ ရိုးရာအဝတ်များ စသည့် အမျိုးအစားလိုက်ခွဲထားလိုက်မယ်ဆိုပါက သင်လိုအပ်တဲ့အဝတ်အမျိုးအစားကို အလွယ်တကူထုတ်ယူနိုင်တဲ့အတွက် သင့်ဘီဒိုလေးအရှုပ်သက်သာစေမှာပဲဖြစ်ပါတယ်။
(၂) အဝတ်တွေကို အရောင်အလိုက်ခွဲထားပေးပါ။
အဝတ်အစားတွေကို အရောင်အလိုက်ခွဲထားခြင်းကလည်း သင်လိုအပ်တဲ့အဝတ်အမျိုးအစားကို အလွယ္တကူထုတ်ယူလို့ရစေနိုင်မှာပဲဖြစ်ပါတယ်။
(၃) အဝတ်တွေကိုနာမည်အညွန်းကပ်ပြီး သပ်သပ်စီထားပါ။
သင့်အဝတ်ဘီဒိုမှာ အံဇွဲတွေအများကြီးပါတယ် (သို့မဟုတ်) အကန့်တွေအများကြီးပါတဲ့အမျိုးအစားဆိုရင်တော့ သက်ဆိုင်ရာအကန့်/အံဇွဲအလိုက် အင်္ကျီလက်တို၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီတို၊ ဘောင်းဘီအရှည်၊ အတွင်းခံ၊ ခြေအိတ်၊ လုံချည် /ထဘီ စသည့်ဖြင့် မိမိစိတ်ကြိုက်နာမည်အညွန်းတွေကပ်ပြီး သပ်သပ်ရပ်ရပ်လေးထားနိုင်ပါတယ်။
(၄) ရာသီဉတုအလိုက် အဝတ်တွေကိုပြန်စီပါ။
နွေ၊ မိုး၊ ဆောင်း ရာသီဉတုအလိုက် လိုက်ဖက်ညီမည့်အဝတ်အမျိုးအစားများကို ရာသီဉတုအလိုက် အပေါ်ဆုံးမှာထားပြီး ပြန်စီခြင်းက အဝတ်ထုတ်ယူစဉ်မလိုအပ်ပဲ ဘီဒိုရူပ်ပွမှု့ကို လျော့နည်းစေနိုင်ပါတယ်။
(၅) အောက်ပိုင်းအဝတ်တွေဖြစ်တဲ့ ဘောင်းဘီ၊ ဂျင်း၊ စကပ် စတဲ့အဝတ်တွေကို သပ်သပ်စီခွဲထားပါ။
သင့်မှာအဝတ်အစားတွေအကုန်လုံးကိုပြန်စီရန်အတွက်အချိန်မရှိခြင်း (သို့မဟုတ်) အဝတ်အစားများကို သပ်သပ်စီအကုန်ခွဲထားရန်အတွက် နေရာအလုံအလောက်မရှိြခင်း စသည့်အခက်အခဲတွေကြုံတွေ့နေရပါက အောက်ပိုင်းအဝတ်တွေဖြစ်သော ဘောင်းဘီ၊ ဂျင်း၊ စကပ် စတဲ့အဝတ်တွေကိုပဲ သပ်သပ်စီခွဲထားလိုက်ခြင်းက သင်အပြင်ထွက်စဉ် လိုအပ်သော အဝတ်အစားကို အလွယ္တကူထုတ်ယူနိုင်စေမှာပဲဖြစ်ပါတယ်။
(၆) အဝတ်တွေကို ချိတ် ချိတ်တဲ့အလေ့အကျင့် သုံးပေးပါ။
သင့်ဘီဒို (သို့မဟုတ်) သင့်အခန်းအတွင်းမှာ အဝတ်အစားတွေကို ချိတ် ဖြင့်ချိတ်ထားဖို့ရန်နေရာရှိတယ်ဆိုရင်တော့ ချိတ် ချိတ်ထားဖို့ကိုတိုက်တွန်းပါရစေနော်။ အဝတ်အစားတွေကို ချိတ် ဖြင့်ချိတ်ထားြခင်းက မိမိလိုအပ်သောအဝတ်အစားကို အလွယ္တကူရွေးယူနိုင်သည့်အပြင် အထပ်လိုက်ထားခြင်းကြောင့်အဝတ်အစားခေါက်ရိုးကြေခြင်းများကိုလည်း ကာကွယ်စေနိုင်မှာပါ။