Fri, Jul 7, 2023 10:05 AM | B2C Super Admin
မင်္ဂလာသတင်းတွေအပြည့် အိမ်ထဲကို သယ်ဆောင်လာဖို့ Feng Shui ( ဖုန်းရွှေ ) အစီအရင်နဲ့ အိမ်တံခါး ကို ပြင်ဆင်ကြရအောင်
1. တံခါးချပ် အရောင် 🚪
- အိမ်တံခါး ၊ အခန်းတံခါး အရောင်တွေကို နှစ်ရောင်ထက်ပို မသုံးသင့်ပါဘူး❌️ အရောင်တွေ များပြားတဲ့အခါ အိမ်သူအိမ်သားတွေရဲ့ စိတ်ကို ရှုပ်ထွေးစေနိုင်သလို အမူအကျင့်တွေကိုလည်း ပျက်ပြားစေနိုင်ပါတယ်။
- ဖုန်းရွှေ ပညာအရ အနီရောင်က ကံကောင်းစေပြီး အကာအကွယ်ဖြစ်စေလို့ တံခါးအရောင် ရွေးမယ်ဆို အနီရောင်ကို ရွေးချယ်နိုင်ပါတယ်။
2. တံခါးဖွင့်နည်း Direction
-တံခါးဖွင့်တဲ့ ဦးတည်ချက်ကို Pull ( inward direction ) အတိုင်းသာ ပြုလုပ်ထားသင့်ပါတယ်။
တကယ်လို့ အိမ်အပြင်ထွက်တဲ့အခါ တံခါးတွန်းဖွင့်ရင် ကံကောင်းစေတဲ့ ဓါတ်တွေ အိမ်အပြင်ကို ထွက်သွားစေတတ်တဲ့အပြင် ဖျားနာတာတွေ အလွယ် တကူ ဖြစ်တတ်ပါတယ်။
3. တံခါးပြုလုပ်တဲ့ ပစ္စည်းအမျိုးအစား( သစ်သား )
-အိမ်တံခါးကို သစ်သားနဲ့ပြုလုပ်တဲ့အခါ သစ်အကြောကို အောက်ကနေ အပေါ် တက်သွားတဲ့ အနေအထားနဲ့ ထားရင် မိသားစုဝင် အချင်းချင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါင်းဖက်နေထိုင်နိုင်မှာဖြစ်ပါတယ်။
4. တံခါးအမြင့်
-ဖုန်းရွှေ ပညာအရ တံခါးအမြင့်ကလည်း အရေးကြီးပါတယ်။ ၇ ပေ ( 2 m ) အမြင့်ကတော့ အကောင်းဆုံးဖြစ်ပြီး ကောင်းမွန်တဲ့ ကံတွေကို ခေါ်ဆောင်နိုင်ပါတယ်။ တံခါးက အဲ့ထက်မြင့်နေခဲ့ရင် စကားပြောဆိုတဲ့နေရာ ၊ လုပ်ငန်းခွင်တွေမှာ အလွန်အကျွံတွေ ဖြစ်တတ်ပြီး နိမ့်နေခဲ့ရင်တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘဲ အလွဲအချော်တွေ ဖြစ်စေတတ်ပါတယ်။
👉ဒီလိုအချက်လေးတွေကို သေချာ စစ်ဆေးပြီး
ဖုန်းရွှေနဲ့ ညီညွတ်တဲ့ အိမ်တံခါးပေါက်တစ်ခု ပြင်ဆင်လိုက်ပါ💯