Sat, Apr 6, 2024 4:05 PM | B2C Super Admin
ခြဆိုတာ အိမ်တစ်အိမ်ကို လူမသိသူမသိ ဒုက္ခပေးနိုင်တဲ့ အတွင်းရန်သူတစ်မျိုးပါ။ ဒီလိုအတွင်းရန်သူကို မချေမှုန်းဘဲထားထားမယ်ဆို တစ်အိမ်လုံးခြအုံးထဲပါသွားနိုင်တဲ့အတွက်ကြောင့် ပရိဘောဂ တွေ ခြမစားအောင် ထိန်းသိမ်းနည်းလေးတွေကိုကြည့်ပြီး လုပ်ကြည့်ကြရအောင်နော်။
• မှန်ကန်သော သစ်သားပေါ်လစ်ဆီကိုရွေးချယ်ပါ။
သစ်သားပေါလစ်ဆီတွေကသစ်သားအရောင်တွေကိုတောက်ပြောင်စေရုံသာမက အပေါ်မှာ အလွှာတစ်ထပ်အုပ်ထားသလိုဖြစ်သွားလို့ ရေစိမ့်ဝင်မှုနူန်းကိုလျှော့ချပေးပြီး အစိုဓာတ်ကိုလည်းထိန်းသိမ်းပေးတဲ့အတွက်ကြောင့် ပေါ်လစ်တိုက်ရုံဖြင့် ခြစားခြင်းမှကင်းဝေးစေပါတယ်။
• ပရိဘောဂတွေကိုအစိုဓာတ်နဲ့ဝေးအောင်ထားပါ။
ခြတွေက သူ့သဘာဝအတိုင်းအစိုဓာတ်များတဲ့နေရာတွေမှာ နေထိုင်တတ်တဲ့အတွက်ကြောင့် ဖြစ်နိုင်ရင် မိုးရေယိုနိုင်တဲ့နေရာတွေ၊ ပြတင်းပေါက်နားတွေမှာ ပရိဘောဂတွေကိုမထားပါနဲ့။
• တစ်လတစ်ခါနေလှန်းပါ။
ပရိဘောဂတွေကို နေရောင်ပြခြင်းက ခြောက်သွေ့သွားစေရုံသာမက အတွင်းထဲမှာအောင်းနေတဲ့ ပိုးမွှားတွေကိုပါ အပြတ်ရှင်းနိုင်စွမ်းရှိပါတယ်။
• DIY ခြသတ်ဆေးလုပ်ပါ။
အိမ်မှာအသုံးပြုနေကြ ဖူဂျီဖြစ်ဖြစ် အိုကီဆပ်ပြာခရင်မ်တွေကို ရေနဲ့ဖျော်ြပီး ဖြန်းတာမျိုး၊ လိမ္မော်ခွံဆီကို ပန်းကန်ဆေးဆပ်ပြာဆီအနည်းငယ် ရေအနည်းငယ်တို့နှင့်ရော၍ ဖျန်းတာမျိုးတို့လုပ်သင့်ပါတယ်။