ရေချိုးခန်းထဲက မှန်တွေကို ကြည်တောက်ရှင်းနေအောင် လုပ်လို့ရတဲ့ လျှို့ဝှက်နည်းလမ်းလေးတွေရှိတယ်နော်။

Mon, May 20, 2024 2:32 PM | B2C Super Admin

ရေချိုးခန်းထဲက မှန်တွေကို ကြည်တောက်ရှင်းနေအောင် လုပ်လို့ရတဲ့ လျှို့ဝှက်နည်းလမ်းလေးတွေရှိတယ်နော်။

ရေချိုးခန်းထဲက မှန်ဆိုတာ မိမိရဲ့သဘာဝအတိုင်းမျက်နှာကိုမြင်နိုင်ရန်နှင့် အလှအပနဲ့ဆိုင်ရာကိစ္စအဝဝကို လုပ်ဆောင်နိုင်ရန်အထောက်အကူပြုတာကြောင့် ကြည်ကြည်လင်လင်မှန်လေးဖြစ်နေဖို့ဆိုတာ အရမ်းအရေးပါပါတယ်နော်။

အလွယ်ကူဆုံး ပထမနည်းကတော့ Glass Cleaner လေးနဲ့ ဝါးနေတဲ့ မှန်ကို ဖြန်းမယ်။ ပြီးရင် နူးညံ့တဲ့ Microfiber အဝတ်စ ၊ အဲ့လို အဝတ်မရှိရင် အိမ်မှာရှိတဲ့ သတင်းစာ စက္ကူနဲ့ပဲဖြစ်ဖြစ် သုတ်လို့ရပါတယ်။

နောက်တစ်နည်းက ရေ + Vinegar ( ရှာလကာရည် ) + ပန်းကန်ဆေး ဆပ်ပြာ အနည်းငယ်ကို ရောသမမွှေ ၊ မှန်ပေါ်မှာ ဖြန်း ၊ စက္ကန့်အနည်းငယ် ထားပြီး အဝတ်စနဲ့ သုတ်လိုက်တဲ့အခါ ကြည်တောက်ရှင်းတဲ့ မှန်လေးကို ကြည့်လို့ရပါပြီ။

ဒါနဲ့ မှန်တွေကို သုတ်တဲ့နေရာမှာ အရေးကြီးဆုံးက " S " Pattern အတိုင်း အပေါ်အောက် သုတ်ဖို့ပဲနော်
အခုပဲ ဒီနည်းလေးတွေသုံးပြီး Bathroom ထဲက မှန်တွေကို အမြန်ဆုံး သန့်လိုက်ကြရအောင်။