မိုးတွင်းမှာ ဖိနပ်စင်တွေ အနံ့ဆိုးကင်းဝေးအောင်ဘယ်လိုထားရမလဲ?

Thu, Apr 11, 2024 4:03 PM | B2C Super Admin

မိုးတွင်းမှာ ဖိနပ်စင်တွေ အနံ့ဆိုးကင်းဝေးအောင်ဘယ်လိုထားရမလဲ?

တစ်နေ့ကို ၁၀ နာရီအထက် ဖိနပ်စီးလေ့ရှိမယ်ဆိုရင် ဖိနပ်ရော၊ ဖိနပ်စင်မှာပါ အနံ့ဆိုးတွေ စွဲကပ်နိုင်ချေပိုများလာပါတယ်တဲ့။ မိုးရာသီဆိုတော့ ဘတ်တီးယားတွေပေါက်ဖွားမှုနှုန်းလဲများလာတော့ အနံ့ဆိုးတွေထွက်တာက ပုံမှန်ပါပဲ။ ဒါဆို ဒီလို အနံ့ဆိုးတွေကို တားဆီးဖို့ ဘာတွေလုပ်ရမလဲဆိုတာကို ဆက်ဖတ်ကြည့်ပေးပါဦးနော်။

Teabag တွေကိုလွှင့်မပစ်ပါနဲ့။
သုံးပြီးသား Tea Bag လေးတွေကို အခြောက်ခံပြီး ဖိနပ်ထဲနှင့် ဖိနပ်စင်ပေါ်တင်ထားနိုင်ပါတယ်။ အနံ့ဆိုးတွေကို စုပ်ယူနိုင်လို့ပါပဲ။

သတင်းစာစက္ကူသုံးပါ။
သတင်းစာပေါ်မှာ ရိုက်နှိပ်ထားတဲ့ မင်တွေမှာ ကာဗွန်အမြောက်အမြားပါဝင်ပါတယ်။ အနံ့အသက်ဆိုးများသာမက စိုထိုင်းမှုကိုပါလျော့ကျစေလို့ သတင်းစာစက္ကူကိုလုံးပြီး ဖိနပ်ထဲထည့်ခြင်း၊ ဖိနပ်စင်ပေါ်တင်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

ပရုပ်လုံးကိုလည်း မေ့ထားလို့မရဘူးနော်။
အနံ့ဆိုးတွေအတွက် ပရုပ်လုံးသုံးလို့ရတာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်များနဲ့ ကလေးများအတွက်တော့ ကျန်းမာရေးထိခိုက်နိုင်တာမို့ ဂရုတစိုက်အသုံးပြုသင့်ပါတယ်။

မီးသွေးလည်းသုံးလို့ရပါတယ်။
မီးသွေးက Active Carbon ဖြစ်ပါတယ်။ စိုထိုင်းမှုတွေ အနံ့အသက်တွေကို ကင်းဝေးစေအောင်လို့ ခြေအိတ်အဟောင်းထဲထည့်ပြီး ဖိနပ်အတွင်းထဲနဲ့ ဖိနပ်စင်အနီးနားမှာထားလို့ရပါတယ်။