စာကျက်မယ်ဆိုပြီး အခန်းထ ထရှင်းတာတွေမဖြစ်စေဖို့

Mon, May 20, 2024 1:46 PM | B2C Super Admin

စာကျက်မယ်ဆိုပြီး အခန်းထ ထရှင်းတာတွေမဖြစ်စေဖို့

အိမ်မှာ စာလေ့လာတဲ့အခါ ကလေးတွေပဲ ဖြစ်ဖြစ် ၊ ကိုယ်တိုင်ပဲဖြစ်ဖြစ် သက်သောင့်သက်သာနေရာလေးတွေကို ရွေးတတ်ကြတယ်မလား ဒီတော့ စာမြန်မြန်ရအောင် စာကြည့် စားပွဲ ( Study Table ) ကို ဘယ်နေရာမှာ ထားသင့်သလဲ ဆိုတာ ပြောပြပေးမယ်နော်

သဘာဝ အလင်းရောင် / မီးသီး အလင်းရောင် ကောင်းကောင်းရတဲ့ Lighting ကောင်းတဲ့ နေရာမျိုးမှာ ထားပါ။

အိပ်ယာနဲ့ ဘေးချင်းကပ်ရပ် နေရာမှာ ထားရင်လည်း အမြင်ရှင်းလင်းပြီး သပ်သပ်ရပ်ရပ် ဖြစ်စေပါတယ်။

နေရာပိုကျယ်ချင်တယ် ၊ Space ပိုရချင်တယ် ဆိုရင်တော့ အိပ်ယာခြေရင်း ၊ အခန်းထောင့်စွန်းတွေမှာလည်း ထားလို့ရပါတယ်။

ဒါမှမဟုတ် စာအုပ်တွေ အလွယ်တကူယူကြည့်လို့ရအောင် စာအုပ်စင်ဘေးမှာလည်း ထားနိုင်ပါတယ်နော်။